မိုင်းနောင်၊ ဇန်နဝါရီ ၂၂
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ မိုင်းနောင်မြို့တွင် တည်ထားကိုးကွယ်သော နန်းခမ်းပဲစေတီတော်မြတ်ကြီး ထီးတော်တင်လှူပွဲကို ယမန်နေ့ ညနေပိုင်းတွင် စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့သည်။
အဆိုပါ စေတီတော်မြတ်ကြီး ထီးတော်တင်လှူပွဲသို့ တာချီလိတ်မြို့ အရညဝါသီ မိုင်းဖုန်းဆရာတော် ဘဒ္ဒန္တ ဉာဏသံဝရ (သဒ္ဓမ္မဇောတိကဓဇ အဂ္ဂမဟာကမ္မဌာနာစရိယ)၊ မိုင်းနောင်မြို့ မင်္ဂလာရန်အောင် ကျောင်းတိုက်ဆရာတော် ဦးပညာဘောဂါဘိပါလနှင့် ပင့်ဖိတ်ထားသော ဆရာတော် သံဃာတော်များ၊ မိုင်းဖုန်းဆရာတော်၏ တပည့်ဒါယကာ၊ ဒါယိကာမများ၊ ရပ်နီးရပ်ဝေးမှ အလှူရှင်များ၊ ပြည်သူများကြွရောက်ကာ စေတီတော်၏ ထီးတော်၊ ငှက်မြတ်နားတော်၊ စိန်ဖူးတော်များကို သတ်မှတ်အစီအစဉ်တိုင်း တင်လှူပူဇော်ခဲ့ကြောင်း သိရသည်။
အဆိုပါ စေတီတော်ကို မိုင်းဖုန်းဆရာတော်အား အမှူးထား၍ ခရစ်နှစ် ၂၀၂၄ ခုနှစ်၊ ကောဇာ ၁၃၈၆ ခု၊ ၂၅.၉.၂၀၂၄ တော်သလင်းလပြည့်ကျော် (၈)ရက်နေ့တွင် ဆရာတော်ဦးသုခမိန္ဒ စဝ်ဆုခမ်း၊ ဆရာတော် ဦးပညာဘောဂါဘိပါလနှင့် ရပ်နီးရပ်ဝေး ဒကာ၊ ဒကာမများစုပေါင်း၍ ပြန်လည်ပြုပြင် မွမ်းမံခဲ့ကြောင်း သိရသည်။
မိုးသောက်(မိုင်းနောင်)
Join - https://t.me/MyanmarNationalPost



ليست هناك تعليقات:
إرسال تعليق