အိမ်စာမလုပ်လို့ ဆူတဲ့ အဖေကို ဘိန်းစားနေပါတယ်ဆိုပြီး ရဲတိုင်တဲ့သား - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

အိမ်စာမလုပ်လို့ ဆူတဲ့ အဖေကို ဘိန်းစားနေပါတယ်ဆိုပြီး ရဲတိုင်တဲ့သား



ဇန်နဝါရီ - ၂၈ ( အင်္ဂါနေ့ ) 

 တရုတ်နိုင်ငံ ယင်ချွန်မြို့မှာ ဖြစ်သွားတဲ့ ဖြစ်ရပ်ပါ။ အဖေဖြစ်တဲ့သူက ၁၀နှစ်အရွယ် သားဖြစ်တဲ့ သူကို ကျောင်းက ခိုင်းလိုက်တဲ့ အိမ်စာတွေကို မလုပ်လို့ ဆူပူကြိမ်းမောင်ရာ သားဖြစ်တဲ့သူက လမ်းထဲက စတိုးဆိုင်ကို သွားပြီး သူ့အဖေဖြစ်သူက ဘိန်းစားပြီးမူးရူးကာ သူ့ကို ဆူပူကြိမ်းမောင်းကြောင်း ဖုန်းဆက်တိုင်ပါတော့တယ်။ ရဲတွေက စုံးစမ်း စစ်ဆေးဖို့ လာရောက်တဲ့အခါ အဲ့ဒိလူရဲ့ အိမ်ရှေ့ ဝရန်တာမှာ ဘိန်းပင် ၃ ပင်ကို ပန်အိုးထဲ ထည့်စိုက်ထားတာတွေ့လို ဖမ်းဆီးပါတော့တယ်။ 

အဲ့ဒိအမျိုးသားက ရဲတွေကို ဘိန်းပင်စိုက်ထားတာက ဆေးဝါးအဖြစ် အသုံးပြုဖို့ရည်ရွယ်ပြီး စိုက်ထားတာ ဖြစ်ကြောင်း ဘာမှ မူးရူးတာမရှိကြောင်း ရှင်းပြပေမဲ့ ရဲတွေက ဥပဒေ လုပ်ထုံးလုပ်နည်းနဲ့အညီ ယစ်မျိုးရဲများကို ခေါ်ယူပြီး စစ်ဆေးရာ ပန်အိုးနားတွင် ဘိန်းသီးခြောက် ၈ခုထက်မံတွေ့ရှိသောကြောင့် ဖမ်းဆီးသွားပါတယ်။ မိသားစုတစ်လုံး ပွတ်လောရိုက်သွားပါတယ်။ ရဲတွေ လာပြီး စုံစမ်းရှာဖွေတဲ့ အကြောင်းကို ဖုန်းဆက်တိုင်တဲ့ ကလေးကလွဲပြီး ဘယ်သူမှ မသိပါဘူး။ တရုတ်နိုင်ငံမှာက ဘိန်းနဲ့ ပတ်သက်လာရင် ဥပဒေလုပ်ထုံး လုပ်နည်းတွေက ပိုမိုတင်းကျပ်တဲ့ အတွက်ကြောင့် အဲ့ဒိလူ ထောင်ကျမှာ သေချာပါတယ်။ ကလေးကတော့ အဖေမရှိရင် စားဝတ်နေရေး အခက်အခဲ ဖြစ်မှာကို မသိဘဲ အဖေကို ရဲဖမ်းသွားရင် သူအိမ်စာမလုပ်ရင် ဆူမယ့်သူ မရှိဘူး ဆိုတာကို ပဲ သိနေပါတယ်။ 


REF - news 18

#MNP #News #China

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)