Pages

Pages

ပါလက်စတိုင်း ကျန်းမာရေး လုပ်သားများ အစ္စရေး အကျဉ်းစခန်းတွေထဲမှာ ရှိဆဲလို့ ဆို


ဇန်နဝါရီ - ၂၃ ( ကြာသပတေးနေ့) 

မကြာသေးမီက ဟားမတ်စ်နှင့် ဓားစာခံ လဲလှယ်မှုများ ပြုလုပ်ခဲ့သော်လည်း ကျန်းမာရေး ကျွမ်းကျင်သူ အများအပြားကို နှိပ်စက်ညှဉ်းပန်းမှု၊ လျစ်လျူရှုမှုနှင့် ညှဉ်းပန်းနှိပ်စက်မှု သတင်းများ အများအပြား ပေါ်ထွက်လာပြီး အချို့မှာ ဖမ်းဆီး ထိန်းသိမ်းခံနေရဆဲ ဖြစ်တယ်လို့ သိရပါတယ်။ ၎င်းတို့ထဲမှ တစ်ဦးမှာ ဒေါက်တာ အဘူဆာဖီယာဖြစ်ပြီး ဒီဇင်ဘာ ၂၇ ရက်က ဖမ်းဆီးကာ နာမည်ဆိုးဖြင့်ကျော်ကြားသော ဆဒီတောမန်အကျဉ်းစခန်း (အစ္စရေး၏ ဂွာတာနာမိုပင်လယ်အော်ဟု အမည်ပေးထားသည့်) အကျဉ်းထောင်သို့ ပြောင်းရွှေ့ခဲ့ပါတယ်။ 

ဒေါက်တာ အဘူဆာဖီယာသည် အကျဉ်းထောင်တစ်ခုတည်းတွင် ရှိနေစဉ် နှိပ်စက်ညှဉ်းပန်းခံနေရကြောင်း လွတ်မြောက်လာသည့် အကျဉ်းသားများ၏ အစီရင်ခံစာများနှင့်အတူ သူသေဆုံးမည်ကို စိုးရိမ်မှုများ တိုးပွားနေတယ်လို့ ဆိုပါတယ်။ ဂါဇာမှပြန်ပေးဆွဲခံရသော သုံးဦးထက်မနည်းတဲ့ ပါလက်စတိုင်းဆရာဝန်တွေက ၂၀၂၃ ခုနှစ် အောက်တိုဘာလကတည်းက အစ္စရေးအကျဉ်းထောင်များတွင် သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။ 

ပါလက်စတိုင်းရှိ ဗြိတိသျှ ပရဟိတအဖွဲ့တစ်ခုဖြစ်သည့် Medical Aid for Palestinians ၏အဆိုအရ IDF သည်  ပါလက်စတိုင်းဆေးရုံကို ကျူးကျော်ဝင်ရောက်လာပြီး  “လူနာများအပါအဝင် ခန့်မှန်းခြေ လူ ၃၅၀ ခန့်ကို ဆေးရုံမှ ဆင်းခိုင်းခဲ့ပါတယ်။ ဒီဇင်ဘာ ၂၄ ရက်က အစ္စရေးစစ်တပ်ရဲ့မောင်းထုတ်မှုကြောင့် ဆေးရုံသို့ လူနာအချို့ရောက်ရှိလာပါတယ်။  မြောက်ဂါဇာပြည်နယ် အုပ်ချုပ်ရေးမှူးရုံးရှိ နောက်ဆုံးလက်ကျန် တစ်စိတ်တစ်ပိုင်း လည်ပတ်‌နေတဲ့ ဆေးရုံဖြစ်သည့် al-Awda အယ်လ်အော်ဒါ ဆေးရုံက မဆုတ်မနစ်ဆေးကုသမှုလုပ်ပေးနေပေမဲ့  တိုက်ခိုက်မှုများ နဲ့ ဆေးဝါး အရင်းအမြစ် ပြတ်တောက်မှုများကြောင့် လုပ်ငန်းလုပ်ဆောင်မှုတွေ ရပ်သွားလုမတပ်ဖြစ်သွားပါတယ်။ 

အစ္စရေးအကျဉ်းထောင်တွေမှာ ပါလက်စတိုင်းတွေကို ညှဉ်းပန်းနှိပ်စက်မှုတွေအား ကျယ်ကျယ်ပြန့်ပြန့် ဖော်ပြခဲ့ကြပါတယ်။ လိင်အင်္ဂါအား လျှပ်စစ်ရှော့ခ်တိုက်ခြင်း၊ စိတ်ဖိစီးမှုများပေးခြင်း၊ စိတ်ပိုင်းဆိုင်ရာ ညှဉ်းပန်းနှိပ်စက်ခြင်း၊ အစာငတ်မွတ်စေခြင်း နဲ့ ပြင်းထန်သော ကိုယ်အင်္ဂါ အတွင်းပိုင်း ပျက်စီးမှုတွေနဲ့  မုဒိမ်းမှုတို့ ကို ကျူးလွန်ခြင်းများ လုပ်ခံရပါတယ်။ 

မကြာသေးမီက လွတ်မြောက်လာသူ ဟာဇမ်အယ်လ်ဝမ် ရဲ့အဆိုအရ  ၎င်းအား အစ္စရေးစစ်တပ်မှ ဂျာဘလီယာဆေးရုံ မှ ပြန်ပေးဆွဲခဲ့ပြီး  အစ္စရေးအကျဉ်းထောင်သို့ မပို့ဆောင်မီ လူသားဒိုင်းအဖြစ် အသုံးပြုခဲ့ကြောင်းနဲ့ ဒေါက်တာ အဘူဆာဖီယာ နဲ့ နှစ်ရက်ကြာ နေထိုင်ခဲ့တယ်လို့ သိရပါတယ်။ 


REF - RT

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق