ပဲရစ်သဘောတူညီချက် မှ နောက်ထပ်တစ်ဖန် နုတ်ထွက်မည်ဟု ထရမ့် ကြေညာ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပဲရစ်သဘောတူညီချက် မှ နောက်ထပ်တစ်ဖန် နုတ်ထွက်မည်ဟု ထရမ့် ကြေညာ


ဝါရှင်တန်၊ ဇန်နဝါရီ ၂၁ 

ရာသီဥတုပြောင်းလဲမှု ကိုင်တွယ်ဖြေရှင်းရေးအတွက် ရည်ရွယ်သည့် ပဲရစ်သဘောတူညီချက် ကို အမေရိကန် နောက်ထပ်တစ်ဖန် နုတ်ထွက်မည် ဖြစ်ကြောင်း ကြေညာသည့် အမိန့်တစ်ရပ်ကို အမေရိကန် သမ္မတ ထရမ့်က ဇန်နဝါရီ ၂၀ ရက်တွင် လက်မှတ်ရေးထိုးခဲ့သည်။

၂၀၁၅ ခုနှစ်၊ ကုလသမဂ္ဂ ရာသီဥတု ပြောင်းလဲမှုဆိုင်ရာ ညီလာခံတွင် ရရှိခဲ့သည့် ပဲရစ် သဘောတူညီချက် သည် တစ်ကမ္ဘာလုံး ရာသီဥတုပြောင်းလဲမှု ကိုင်တွယ်ဖြေရှင်းရေး၏ အရေးကြီးသော ရလဒ် ဖြစ်ခဲ့သည်။ ၂၀၁၇ ခုနှစ် ဇွန်လတွင် ထိုစဉ်က အမေရိကန် သမ္မတ ထရမ့်က ပဲရစ် သဘောတူညီချက် မှ အမေရိကန် နုတ်ထွက်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ၂၀၂၀ ပြည့်နှစ် နိုဝင်ဘာ ၄ ရက်တွင် ယင်းသဘောတူညီချက်မှ အမေရိကန်နိုင်ငံ တရားဝင် နုတ်ထွက်ခဲ့သည်။ ယင်းလုပ်ရပ်က အမေရိကန်ပြည်တွင်းနှင့် နိုင်ငံတကာအသိုက်အဝန်း၏ ကျယ်ကျယ်ပြန့်ပြန့် ဝေဖန်မှုကို ခံခဲ့ရသည်။

၂၀၂၁ ခုနှစ် ဇန်နဝါရီ ၂၀ ရက်တွင် ဘိုင်ဒန် သမ္မတ တာဝန်ထမ်းဆောင်သည့် ပထမနေ့တွင်ပင် အမိန့်တစ်ရပ် လက်မှတ်ရေးထိုးပြီး အမေရိကန်နိုင်ငံအနေဖြင့် ပဲရစ် သဘောတူညီချက် တွင် ပြန်လည်ပါဝင်မည် ဖြစ်ကြောင်း ကြေညာခဲ့သည်။ ထိုနှစ် ဖေဖော်ဝါရီ ၁၉ ရက်တွင် ယင်းသဘောတူညီချက်၌ အမေရိကန်နိုင်ငံ တရားဝင်ပြန်လည် ပါဝင်ခဲ့သည်။ 


Ref - Xinhua

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)