နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် (ငြိမ်း) ဦးတင်အောင်အား ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်အပ်နှင်းပွဲ ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် (ငြိမ်း) ဦးတင်အောင်အား ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်အပ်နှင်းပွဲ ကျင်းပ


ထားဝယ်၊ ဇန်နဝါရီ ၂၀

ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီး ချုပ် (ငြိမ်း) ဦးတင်အောင်အား ဝဏ္ဏကျော်ထင်ဘွဲ့ ချီးမြှင့်အပ်နှင်းပွဲကို ယနေ့မွန်းလွဲ ၂ နာရီက ထားဝယ်မြို့၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ရုံး၊ Hall ခန်းမ၌ ကျင်းပသည်။

ထားဝယ်မြို့၊ ဝဲကျွန်းမြို့သစ်ရပ်ကွက်နေ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် (ငြိမ်း) ဦးတင်အောင်သည် တနင်္သာရီတိုင်းဒေသကြီး တရားလွှတ်တော်တွင် ၂၂.၇.၂၀၁၆ ရက်နေ့ မှ ၁၅.၅.၂၀၂၀ ရက်နေ့အထိ တရားသူကြီးချုပ် တာဝန်ထမ်းဆောင်ခဲ့သည့်အတွက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် သတိုးမဟာသရေစည်သူ၊ သတိုးသီရိသုဓမ္မ ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က ၂၀၂၄ ခုနှစ်၊ ဇန်နဝါရီလ (၄) ရက်နေ့၊ (၇၆) နှစ်မြောက် လွတ်လပ်ရေးနေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်၊ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီက ဝဏ္ဏကျော်ထင်ဘွဲ့ကို ချီးမြှင့်အပ်နှင်းသည်။

ချီးမြှင့်အပ်နှင်းခဲ့သည့် ဝဏ္ဏကျော်ထင်ဘွဲ့တံဆိပ်ကို နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီဥက္ကဋ္ဌကိုယ်စား တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် သီရိပျံချီဦးမြတ်ကိုက တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် (ငြိမ်း) ဦးတင်အောင်အား ဝဏ္ဏကျော်ထင်ဘွဲ့ ဂုဏ်ထူးဆောင်ဘွဲ့တံဆိပ်၊ ဂုဏ်ပြုစာလွှာနှင့် ယွန်းကျည်တောက်တို့ကို ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)