ထားဝယ်မြစ်ကမ်းနားလမ်းဘေးရှိ ပြည်သူ့အပန်းဖြေရင်ပြင်တွင် အဏ္ဏဝါအမှိုက်သရိုက်စစ်တမ်း ကောက်ယူ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထားဝယ်မြစ်ကမ်းနားလမ်းဘေးရှိ ပြည်သူ့အပန်းဖြေရင်ပြင်တွင် အဏ္ဏဝါအမှိုက်သရိုက်စစ်တမ်း ကောက်ယူ





ထားဝယ်၊ ဇန်နဝါရီ ၂၇

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ (စတုတ္ထအကြိမ်) ညှိနှိုင်းအစည်းအဝေး ဆုံးဖြတ်ချက်(စ)တွင် “ပင်လယ်ကမ်းရိုးတန်းရှိ တိုင်းဒေသကြီး/ ပြည်နယ်များတွင် အဏ္ဏဝါအမှိုက်သရိုက် စစ်တမ်းကောက်ယူခြင်းဆိုင်ရာ လမ်းညွှန်စာအုပ်အား အသုံးပြု၍ အဏ္ဏဝါအမှိုက်သရိုက်စစ်တမ်းကောက်ယူခြင်းကို ယမန်နေ့က ထားဝယ်မြစ်ကမ်းနားလမ်းဘေးရှိ ပြည်သူ့အပန်းဖြေရင်ပြင်တွင် အဏ္ဏဝါအမှိုက်သရိုက်စစ်တမ်း ကောက်ယူဆောင်ရွက်ခဲ့ကြသည်။

ထို့နောက် တနင်္သာရီတိုင်းဒေသကြီး၊ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ညွှန်ကြားရေးမှူး ဦးဇော်မင်းအုန်း ဦးဆောင်၍ ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မြို့နယ်စည်ပင်သာယာရေးအဖွဲ့များက ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ ညှိနှိုင်းအစည်းအဝေးဆုံးဖြတ်ချက်(စ)အရ ပြည်သူ့အပန်းဖြေရင်ပြင်တစ်လျှောက် အမှိုက်ကြီး၊ အမှိုက်သေး အုပ်စုခွဲ၍ ခွဲခြားကောက်ယူသည်။

ဆက်လက်၍ ပူးပေါင်းအဖွဲ့များက အဏ္ဏဝါအမှိုက်သရိုက်စစ်တမ်းကောက်ယူခြင်းဆိုင်ရာ လမ်းညွှန်စာအုပ်အား အသုံးပြု၍ အမှိုက်ကြီး ၃၅ အုပ်စု၊ အမှိုက်သေး ၈ အုပ်စုအား ခွဲခြားကောက်ယူခဲ့ကြောင်း သိရသည်။


ငွေဇင်ယော်(ထားဝယ်)

#MNP #News #Dawei

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)