Pages

Pages

ရွှေဘိုတက္ကသိုလ်၌ ဒသမအကြိမ်မြောက်ဘွဲ့နှင်းသဘင် ကျင်းပ

 




ရွှေဘို၊ ဇန်နဝါရီ ၂၉

စစ်ကိုင်းတိုင်းဒေသကြီး ရွှေဘိုတက္ကသိုလ်တွင် ဒသမအကြိမ်မြောက်ဘွဲ့နှင်းသဘင်အခမ်းအနားကို ယနေ့နံနက် ၉ နာရီချိန်က တက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ရှေးဦးစွာ ရွှေဘိုတက္ကသိုလ်ပါမောက္ခချုပ် ဆရာမကြီးဒေါက်တာမျိုးမျိုးက ဘွဲ့နှင်းသဘင် မိန့်ခွန်းပြောကြားပြီး ၂၀၂၃ နှင့် ၂၀၂၄ ပညာသင်နှစ်များတွင် ကျင်းပပြုလုပ်ခဲ့သည့် နေ့သင်တန်း၊ အဝေးသင်သင်တန်းတို့တွင် ဝိဇ္ဇာဘာသာရပ်နှင့် သိပ္ပံဘာသာရပ်(မဟာ၊ ဂုဏ်ထူး၊ ရိုးရိုး)ဘွဲ့ အသီးသီးအတွက် ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ကြသည့် မောင်မယ်များအား ဘွဲ့လက်မှတ်အသီးသီး အပ်နှင်းခဲ့ကြောင်းသိရသည်။

အခမ်းအနားသို့ ရွှေဘိုခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသောင်းတင်ထွေးနှင့်အဖွဲ့ဝင်များ၊ အမှတ်(၅)စစ်အုပ်ချုပ်ရေးနယ်မြေ စစ်နယ်မြေမှူးနှင့်အရာရှိစစ်သည်များ၊ ရွှေဘိုတက္ကသိုလ် ပါမောက္ခချုပ်ဆရာမကြီးဒေါက်တာ မျိုးမျိုး၊ ဒုတိယပါမောက္ခချုပ်ဆရာမကြီးဒေါက်တာတင်တင်ရီနှင့် တက္ကသိုလ်စီမံခန့်ခွဲရေးအဖွဲ့ဝင်များ၊ တက္ကသိုလ်ပညာရေးအဖွဲ့ဝင်များ ဘာသာရပ်ဆိုင်ရာ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဌာနမှူး(သင်တန်းရေးရာဌာန)၊ မော်ကွန်းထိန်း(စာမေးပွဲနှင့် ဘွဲ့နှင်းဌာန)၊ မော်ကွန်းထိန်း(ကျောင်းသားရေးရာဌာန)၊ ဖိတ်ကြားထားသူများ၊ ဘွဲ့ရမောင်မယ်များနှင့် မိဘဆွေမျိုးများ တက်ရောက်ကြသည်။

အဆိုပါ  ဒသမအကြိမ်မြောက် ဘွဲ့နှင်းသဘင်ကို အပိုင်း(၂)ပိုင်းခွဲ၍ကျင်းပသွားမည်ဖြစ်ပြီး စုစုပေါင်းတက်ရောက်ဘွဲ့ယူသူ(၉၀၄)ဦးရှိကြောင်း သိရသည်။


#MNP #News #Education

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق