ကော့မှူးတွင် ဆန်စပါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆန်စက်များ စနစ်တကျ မှတ်ပုံတင်နိုင်ရေး ကွင်းဆင်းကြည့်ရှု - Myanmar National Post

Myanmar National Post

News Agency

Breaking

ကော့မှူးတွင် ဆန်စပါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေး ဆန်စက်များ စနစ်တကျ မှတ်ပုံတင်နိုင်ရေး ကွင်းဆင်းကြည့်ရှု



ကော့မှူး၊ ဇန်နဝါရီ ၁၉

ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ်အတွင်း အသုံးပြုလျက်ရှိသော ဆန်စက်များအား ဆန်စပါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်‌ရေး ဆန်စက်များ စနစ်တကျ မှတ်ပုံတင်နိုင်‌ရေးတို့ကို ယမန်နေ့မွန်းလွဲပိုင်းက‌ တောင်ပိုင်းရပ်ကွက်၊ ထမ္မနိုင်‌ကျေးရွာ၊ ဝါးဘလောက်သောက်ကျေးရွာ၊ သမင်ခြံကျေးရွာ၊ သခွတ်ပင်ကျေးရွာများသို့ တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်ဆေးခဲ့ကြောင်း သိရသည်။

ထို့သို့ကွင်းဆင်းကြည့်ရှုစစ်ဆေးရာတွင် တွံတေးခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညွန့်နွယ်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးမင်း၊ စိုက်ပျိုးရေးဦးစီးဌာနမှ ဦးစီးမှူးဦးသက်နိုင်၊ စားသုံးသူ‌ရေးရာဦးစီးဌာနမှ တာဝန်ခံ ဦးတင်မင်း၊ မြို့နယ်မီးသတ်ဦးစီးဌာနမှ ဒုတိယဦးစီးမှူး ဦးအောင်မင်းဝေနှင့် တာဝန်ရှိသူများ၊ မြို့နယ်ဆန်စက်အသင်းဥက္ကဋ္ဌ ဦးတင်‌အောင်တို့က မြို့နယ်အတွင်း အသုံးပြုလျက်ရှိသည့် ရွှေနဂါးဆန်စက်၊ အောင်ချမ်းညွန့်ဆန်စက်၊ သုခပြည့်စုံဆန်စက်၊ အောင်ဇေယျဝင်းဆန်စက်၊ ရွှေတိုးလေးဆန်စက်၊ လွင်အောင်ဟိဏ်းဆန်စက်၊ စိန်ရတနာဆန်စက်၊ ဆုမြတ်ကျော်ဆန်စက်တို့အား ကွင်းဆင်းကြည့်ရှုစစ်ဆေး၍ စပါးသိုလှောင်ကြိတ်ခွဲသည့် လုပ်ငန်းများ မှန်ကန်မြန်ဆန်စွာ ဆောင်ရွက်နိုင်ရေး၊ မလိုလားအပ်သောအဟန့်အတားများ ကြန့်ကြာမှုများ မဖြစ်ပေါ်စေရေး၊ ဒေသတစ်ခုသို့ ဆန်စပါးသယ်ယူပို့ဆောင်ရာတွင် ဆန်စပါးလုပ်ငန်းကြီးကြပ်ရေးအဖွဲ့၏ စိစစ်မှုဖြင့် ဆောင်ရွက်နိုင်ရေး၊ ဆန်စပါးလုပ်ငန်းများ စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်ရေး၊ ဆန်စက်များ စနစ်တကျ မှတ်ပုံတင်ရေး၊ စပါးသယ်ဆောင်ခွင့်အား ညွှန်ကြားချက်များအတိုင်း လိုက်နာဆောင်ရွက်ရေးကိစ္စများကို ဆွေးနွေးပြောကြားခဲ့ပြီး ဆွေးနွေးမှုနှင့်ပတ်သက်၍ ဆန်စက်လုပ်ငန်းရှင်များက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးခဲ့ရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း သိရသည်။


ကျော်သူရ (ကော့မှူး)

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)