နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံး ဥပဒေအသိပညာပေး ဟောပြောပွဲကျင်းပ


နေပြည်တော်၊ ဇန်နဝါရီ ၃၁

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံဥပဒေဆိုင်ရာခုံရုံးတွင် တာဝန်ထမ်းဆောင်လျက်ရှိသော နိုင်ငံ့ဝန်ထမ်းများအတွက် ဥပဒေအသိပညာပေးဟောပြောပွဲကို ယမန်နေ့က အဆိုပါရုံး၌ ကျင်းပရာ နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ အရာထမ်း၊ အမှုထမ်းများ တက်ရောက်ကြသည်။

အခမ်းအနားတွင် နိုင်ငံတော်ဖွဲ့စည်းပုံ အခြေခံဥပဒေဆိုင်ရာခုံရုံးဥက္ကဋ္ဌက နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်စီမံခန့်ခွဲမှု ယန္တရားများကို ချောမွေ့စွာလည်ပတ်နိုင်ရန် အထောက်အပံ့ပေးရသည့် ပုဂ္ဂိုလ်များဖြစ်သည့်အတွက် နိုင်ငံတော်၏ ပင်မဥပဒေ အရင်းအမြစ်ဖြစ်သော နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေအပါအဝင်၊ ရွေးကောက်ပွဲဥပဒေ၊ နိုင်ငံ့ဝန်ထမ်းဥပဒေ၊ နည်းဥပဒေ၊ နိုင်ငံတော်လျှို့ဝှက်ချက် အက်ဥပဒေ၊ ရာဇသတ်ကြီး အစရှိသည့် ဥပဒေများနှင့်စပ်လျဉ်း၍ အသိပညာဗဟုသုတရှိရန်လိုအပ်ကြောင်း၊ ထို့ပြင် နိုင်ငံ့ဝန်ထမ်းများသည် နိုင်ငံတော်မှ ပြဋ္ဌာန်းထားသည့် တည်ဆဲဥပဒေများ၊ ဥပဒေပြဋ္ဌာန်းချက်များကိုလည်း လေးစားလိုက်နာရန် ကျင့်သုံးရန်လည်း လိုအပ်ကြောင်း၊ ဥပဒေဆိုင်ရာ အခြေခံသဘော တရားများကို ကျယ်ကျယ်ပြန့်ပြန့် သိရှိနားလည်ပြီး သက်ဆိုင်ရာလုပ်ငန်းနယ်ပယ်အသီးသီး၌ ပေးအပ်သည့်တာဝန်များကို ဥပဒေနှင့်အညီ စနစ်တကျတာဝန် ကျေပွန်စွာထမ်းဆောင်နိုင်သော နိုင်ငံ့ဝန်ထမ်းများဖြစ်စေရန် အတွက် ဥပဒေအသိပညာပေးဟောပြောပွဲကို ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားသည်။

ထို့နောက် ဥပဒေပညာရှင်တစ်ဦးက ဖွဲ့စည်းပုံအခြေခံဥပဒေအကြောင်း ဟောပြောဆွေးနွေးပြီး တက်ရောက်လာကြသူများက သိရှိလိုသည်များကို မေးမြန်းဆွေးနွေးကြသည်။

နိုင်ငံတော်ဖွဲ့စည်းပုံအခြေခံ ဥပဒေဆိုင်ရာခုံရုံးအနေဖြင့် အရာထမ်း၊ အမှုထမ်းများအတွက် ဥပဒေအသိပညာပေးဟောပြောပွဲကို တစ်လလျှင်နှစ်ကြိမ် လစဉ်ဆောင်ရွက်လျက်ရှိပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ၊ ရွေးကောက်ပွဲဥပဒေအပါအဝင် နိုင်ငံ့ဝန်ထမ်းများ သိသင့်သိထိုက်သည့် ပြည်တွင်း ပြဋ္ဌာန်းဥပဒေ ၂၁ ခုကို ဥပဒေဘွဲ့ရ အရာထမ်းများက ဟောပြောဆွေးနွေးသွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။


#MNP #Naypyitaw

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)