မအူပင်မြို့ရှိ စိုက်ပျိုးရေးသုံးအရောင်းဆိုင်များမှ ရောင်းချလျက်ရှိသည့် ဓါတ်မြေဩဇာဈေးနှုန်းများ - Myanmar National Post

Myanmar National Post

News Agency

Breaking

မအူပင်မြို့ရှိ စိုက်ပျိုးရေးသုံးအရောင်းဆိုင်များမှ ရောင်းချလျက်ရှိသည့် ဓါတ်မြေဩဇာဈေးနှုန်းများ


မအူပင်၊ ဇန်နဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် စိုက်ပျိုးရေးသုံးအရောင်းဆိုင်များမှ စိုက်ပျိုးရေးတောင်သူများ စိုက်ပျိုးသီးနှံလယ်ယာမြေသုံး မြေဩဇာများရောင်းချပေးလျက်ရှိသော ဆိုင်များသို့ မအူပင်ခရိုင်၊ စားသုံးသူရေးရာဦးစီးဌာနမှ ဈေးနှုန်းဈေးကွက် ရောင်းချနေမှုများအား အပတ်စဉ် စာရင်းကောက်ယူလျက်ရှိရာ မအူပင်မြို့ရှိ စိမ်းလန်းမြေစိုက်ပျိုးရေး အရောင်းဆိုင်၊ အလင်းရောင်း စိုက်ပျိုးရေးအရောင်းဆိုင်များမှ ရောင်းချနေသော ယူရီးယား (အာမို) ၁အိတ် ၉၃၀၀၀ကျပ်၊ ယူရီယား (ဩဘာ) ၁အိတ် ၉၇၀၀၀ကျပ်၊ ယူရီးယား (ရွှေနဂါး) ၁အိတ် ၉၉၀၀၀ကျပ်၊ တီစူပါ(သံကွင်း) တရုတ် ၁အိတ် ၁၃၄၀၀၀၊ ပုလဲ (ရွှေတောင်) တရုတ် ၁အိတ် ၁၀၅၀၀၀ကျပ်၊ ဩဘာ ရွှေကောမတ် ၁အိတ် ၁၄၆၀၀၀ကျပ်၊ အာမို ပိုတက် ၁အိတ် ၁၃၀၀၀၀ကျပ်၊ ဂျာမဏီ ပိုတက် ၁အိတ် ၁၂၄၀၀၀ကျပ်၊ ကွန်ပေါင်း (ကောမတ်) (၁၅,၁၅,၁၅) (ဩဘာ) ၁အိတ်၊ ၁၂၆၀၀၀ကျပ်၊ ကွန်ပေါင်း (၁၈,၁၈,၁၈) ၁အိတ် ၁၅၈၀၀၀ ကျပ်ဖြင့် ရောင်းချလျက်ရှိကြောင်း သိရသည်။

၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလဈေးဖြင့် နှိုင်းယှဉ်လျှင် ဓါတ်မြေဩဇာ ၈ မျိုး၏ ဈေးနှုန်းအနည်းငယ်မြင့် တက်လာပြီး ၂ မျိုးသာ ဈေးအနည်းငယ်ကျဆင်းကြောင်း သိရသည်။  ဇန်နဝါရီလ အစောပိုင်း၌ ယူရီးယား (အာမို) ၁၀၀၀ကျပ်၊ ယူရီယား (ဩဘာ) ၂၀၀၀ကျပ်၊ ယူရီးယား (ရွှေနဂါး) ၃၀၀၀ကျပ်၊ တီစူပါ(သံကွင်း) တရုတ် ၄၀၀၀ကျပ်၊ ပုလဲ (ရွှေတောင်) တရုတ် ၅၀၀၀ကျပ်၊ ဩဘာ ရွှေကောမတ် ၁၀၀၀ကျပ်၊ ဂျာမဏီ ပိုတက် ၁၀၀၀ကျပ်နှင့် ကွန်ပေါင်း (ကောမတ်) (၁၅,၁၅,၁၅) (ဩဘာ) ၆၀၀၀ကျပ်မြင့်တက်ခဲ့ပြီး အာမိုပိုတက် ၃၀၀၀ ကျပ်နှင့် ကွန်ပေါင်း (၁၈,၁၈,၁၈) ၁၀၀၀ ကျပ် ကျဆင်းကြောင်းသိရသည်။ အခြားသော စိုက်ပျိုးရေးသုံးမျိုးစပါး မျိုးကောင်းမျိုးသန့်များအား ဈေးနှုန်းမှန်ကန်စွာဖြင့် ပုံမှန်ရောင်းချပေးလျက်ရှိကြောင်း စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။


အောင်မြင့်မြတ်

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)