ဒေါ်နယ်ထရမ့် သမ္မတဖြစ်ဖြစ်ချင်း သူ့ကိုထောက်ခံသူတွေကို လွှတ်ပေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒေါ်နယ်ထရမ့် သမ္မတဖြစ်ဖြစ်ချင်း သူ့ကိုထောက်ခံသူတွေကို လွှတ်ပေး



ဇန်နဝါရီ - ၂၁ (အင်္ဂါနေ့ ) 

၂၀၂၁ ဇန်နဝါရီလ ၆ရက်နေ့တုန်းက ရွေးကောက်ပွဲမှာရှုံးသွားတဲ့ ဒေါ်နယ်ထရမ့်ကိုထောက်ခံခဲ့တဲ့ သူ့ရဲ့အမာခံ ပရိသတ်တွေက အဲ့တုန်းက အနိုင်ရသွားတဲ့ ဂျိုးဘိုင်ဒန် သမ္မတလုပ်လို့မရအောင် ကယ်ပီတယ် အဆောက်အအုံကို သိမ်းပိုက်မှုလုပ်ခဲ့ပါတယ်။ လူပေါင်း သိန်းနဲ့ချီပြီး အကြမ်းဖက်မှုလုပ်ခဲ့ပါတယ်။ အဲ့ဒိထဲမှာ ထောင်ပေါင်းများစွာ အဖမ်းခံလိုက်ရပါတယ်။ အဲ့ဒိအဖမ်းခံရတဲ့ သူတွေက ဂျိုးဘိုင်ဒန် သမ္မတသက်တမ်း ၄ နှစ်ကြာသွားတာတောင် မလွတ်သေးတဲ့ သူတွေရှိနေပါသေတယ်။ ဒါကြောင့် ထရမ့် သမ္မတဖြစ်ဖြစ်ချင်း အရေးအကြီးဆုံးအလုပ်က သူ့ကိုထောက်ခံသူတွေကို လွှတ်ပေးဖို့ပဲဖြစ်ပါတယ်။ 

အိမ်ဖြူတော်က ဘဲဥပုံအခန်းမှာ သမ္မတ ထိုင်ခုံကို ထိုင်ပြီးချင်းချင်း သူကလွတ်ငြိမ်းချမ်းသာခွင့်အမိန့်ကို လက်မှတ်ထိုး ထုတ်ပြန်လိုက်ပါတယ်။ "ဒါတွေက ဓားစာခံတွေလို ဖြစ်နေတယ်။ ခန့်မှန်းခြေအားဖြင့် လူပေါင်း ၁,၅၀၀ လောက်လွတ်ငြိမ်းချမ်းသာခွင့် အပြည့်ပေးထားပါတယ်" လို့ အိမ်ဖြူတော်သို့ ရောက်ရှိပြီး မကြာမီ လက်မှတ်ရေးထိုးပွဲ အခမ်းအနားတွင် ဒေါ်နယ်ထရန့် က ပြောခဲ့ပါတယ်။ 

ဒီနှစ်ဇန်နဝါရီလ အစောပိုင်းအထိ ဇန်နဝါရီ ၆ ရက်အမှုနဲ့ ဆက်စပ်၍ ပြည်ထောင်စုတရားရုံးတွင် လူပေါင်း ၁၅၈၀ ကျော်ကို ရာဇဝတ်မှုဖြင့် စွဲချက်တင်ခဲ့ပြီး ၁၀၀၀ ကျော်မှာ အပြစ်ရှိကြောင်း ဝန်ခံထားကြောင်း တရားရေးဌာနမှ သိရပါတယ်။

ရဲတပ်ဖွဲ့ဝင် ၁၀၀ ကျော် ဒဏ်ရာရပြီး ငြိမ်းချမ်းစွာ အာဏာလွှဲပြောင်းရေးကို ခြိမ်းခြောက်ခဲ့သည့် ဇန်နဝါရီ ၆ ရက် တိုက်ခိုက်မှုသမိုင်းကို ပြန်လည်ရေးသားရန် ဒေါ်နယ်ထရန့် ပြင်ဆင်မှာဖြစ်ပါတယ်။ အမေရိကန်သမိုင်းတွင် အမှောင်မိုက်ဆုံးနေ့ရက်များထဲမှ တစ်ခုအဖြစ် ဖော်ပြခံထားရသည့် အဲ့ဒိ အမှုနှင့်ပတ်သက်၍ ပါဝင်သူများကို တာဝန်ခံရန် တရားရေးဌာန၏ ကြိုးပမ်းအားထုတ်မှုအပေါ် ကြီးမားသော ထိုးနှက်ချက် ဖြစ်နေပါတယ်။ 

အိမ်ဖြူတော်သို့ ပြန်လည်ရောက်ရှိလာသည့် ရက်သတ္တပတ်များအတွင်း ထရမ့်က ဇန်နဝါရီ ၆ ရက် တရားခံများ၏ အမှုတွဲတစ်ခုချင်းအလိုက် ကြည့်ရှုချင်ကြောင်း အကြံပြုထားပါတယ်။ ဒါပေမဲ့ ကယ်ပီတယ် အဓိကရုဏ်းအတွင်း အကြမ်းဖက်မှုများအတွက် တာဝန်ရှိသူများကို ခွင့်လွှတ်ခြင်းမပြုသင့်ဟု ဒုသမ္မတ ဂျေဒီဗန့်စ် က မကြာသေးမီ ရက်ပိုင်းက ပြောခဲ့ပါတယ်။  


REF - Hindustan times

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)