ဗဟိုဘဏ်ဝန်ထမ်းဟောင်းများအသင်း ဝန်ထမ်းဟောင်းများ ပြန်လည်တွေ့ဆုံပွဲနှင့် နှစ်ပတ်လည်အထွေထွေအစည်းအဝေး ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဗဟိုဘဏ်ဝန်ထမ်းဟောင်းများအသင်း ဝန်ထမ်းဟောင်းများ ပြန်လည်တွေ့ဆုံပွဲနှင့် နှစ်ပတ်လည်အထွေထွေအစည်းအဝေး ကျင်းပ






တာမွေ၊ ဇန်နဝါရီ ၁၉

ဗဟိုဘဏ်ဝန်ထမ်းဟောင်းများအသင်း ဝန်ထမ်းဟောင်းများ ပြန်လည်တွေ့ဆုံပွဲနှင့် ၂၀၂၄ ခုနှစ် နှစ်ပတ်လည် အထွေထွေအစည်းအဝေးအခမ်းအနားကို ယနေ့နံနက် ၉ နာရီက ရန်ကုန်မြို့၊ တာမွေမြို့နယ်၊ ပင်ရွှေညောင်လမ်းရှိ အလိုတော်ပြည့်ကျောင်းတိုက်၌ ကျင်းပရာ မြန်မာနိုင်ငံဘဏ်များအသင်း ဥက္ကဋ္ဌ ဒေါ်ခင်စောဦး၊ အသင်းနာယကများ၊ ဥက္ကဋ္ဌ၊ ဒုတိယဥက္ကဋ္ဌများနှင့် အလုပ်အမှုဆောင်အဖွဲ့ဝင်များ၊ အသင်းသူ/အသင်းသားများနှင့် ဖိတ်ကြားထားသူများ စုံညီစွာတက်ရောက်ကြသည်။

ဦးစွာ အသင်းနာယကများဖြစ်ကြသော မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဥက္ကဋ္ဌ (ငြိမ်း) ဦးကြည်အေး နှင့် ဒုတိယ ဥက္ကဋ္ဌ (ငြိမ်း) ဦးသန်းလွင်တို့က ဩဝါဒစကားများ အသီးသီးပြောကြားခဲ့ပြီး အသင်းဥက္ကဋ္ဌ ဦးနေအေးက အသင်း၏ ၂၀၂၄ ခုနှစ် လုပ်ငန်းဆောင်ရွက်ချက်များအား ရှင်းလင်းတင်ပြခဲ့သည်။ ဆက်လက်၍ ဘဏ္ဍာရေးမှူး ဦးဆန်းအောင်က အသင်း၏ ၂၀၂၄ ခုနှစ် ငွေစာရင်းများအား ဖတ်ကြားရှင်းလင်းခြင်းနှင့် အတည်ပြုချက်ရယူခြင်းများ ဆောင်ရွက်ခဲ့ပြီး အတွင်းရေးမှူး ဒေါ်ကျော့ကျော့က လက်ရှိအလုပ်အမှုဆောင်အဖွဲ့ဝင်များ စာရင်းအား ဖတ်ကြားတင်ပြခြင်းနှင့် အတည်ပြုချက်ရယူခြင်းကို ဆောင်ရွက်ခဲ့သည်။ ထို့နောက် အသက် ၇၅ နှစ်နှင့်အထက် သက်ကြီးပုဂ္ဂိုလ် (၇၁) ဦးအား ဂါရဝပြုလက်ဆောင်ငွေများပေးအပ်ခဲ့ပြီး အသင်းဥက္ကဋ္ဌက နိဂုံးချုပ်စကားပြောကြားကာ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

အဆိုပါ ဗဟိုဘဏ်ဝန်ထမ်းဟောင်းများအသင်းကို ၂၀၁၈ ခုနှစ်၊ မေလ ၂၅ ရက်နေ့တွင် စတင်ဖွဲ့စည်းခဲ့ပြီး မြန်မာနိုင်ငံတော်ဗဟိုဘဏ်နှင့် ပူးပေါင်း၍ အသင်းဝင်များအကြား ဆက်သွယ်မှုကွန်ရက် ပိုမိုခိုင်မာပြီး ဝန်ထမ်း ဟောင်းများ တစ်ဦးနှင့်တစ်ဦး ကူညီရိုင်းပင်း၍ သာရေး၊ နာရေးနှင့် လူမှုရေးကိစ္စများတွင် ဝိုင်းဝန်းကူညီနိုင်စေရန် စသည့်ရည်ရွယ်ချက်ကောင်းများဖြင့် အသင်းအား ဖွဲ့စည်းခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။


နိုင်လင်းအောင်

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)