တန်ဇန်းနီးယားမှာ ပျံ့နေတာ အီဘိုလာနဲ့တူတဲ့ မားဘဂ်ဗိုင်းရပ်စ် မဟုတ်ကြောင်းဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

တန်ဇန်းနီးယားမှာ ပျံ့နေတာ အီဘိုလာနဲ့တူတဲ့ မားဘဂ်ဗိုင်းရပ်စ် မဟုတ်ကြောင်းဆို


ဇန်နဝါရီ - ၁၉ ( တနင်္ဂနွေနေ့ ) 

တန်ဇန်းနီးယားနိုင်ငံ ကျန်းမာရေးဝန်ကြီးဌာနသည် နိုင်ငံအတွင်း အီဘိုလာကဲ့သို့သော ပြင်းထန်တဲ့ မားဘဂ် ဗိုင်းရပ်စ်ပိုး ရှိနေကြောင်း ငြင်းဆိုထားတယ်လို့ သိရပါတယ်။ ကာဂီယာဒေသတွင် ပြင်းထန်ပြီး သေစေတတ်သောရောဂါ ဟု သံသယဝင်ခံထားရသည့် ဗိုင်းရက်စ်တစ်မျိုး ပြန့်နှံ့နေပြီး ကူးစက်ခံရသူများ ရှိနေရာ ဓာတ်ခွဲခန်းစစ်ဆေးမှုများ ပြုလုပ်ရာတွင် မားဘဂ်ဗိုင်းရက်စ်ပိုး မဟုတ်ကြောင်း တွေ့ရှိထားရသည်ကို အတည်ပြုခဲ့ပါတယ်။  သံသယရှိ လူနာများနှင့်ပတ်သက်၍ ကမ္ဘာ့ကျန်းမာရေးအဖွဲ့ (WHO) ၏ အစီရင်ခံစာကို လိုက်နာကြောင်းလည်း ဆိုထားပါတယ်။  

ကျန်းမာရေး၀န်ကြီးဌာန ဗုဒ္ဓဟူးနေ့တွင်ထုတ်ပြန်သောကြေငြာချက်တွင် “သံသယရှိသူအားလုံးသည် မားဘဂ် ဗိုင်းရပ်စ် မရှိပါဘူး” လို့ ပြောကြားခဲ့ပါတယ်။   ကာဂီယာ ဒေသရှိ လူတစ်ဦးချင်းစီသည် ဖျားခြင်း၊ သွေးအန်ခြင်းနှင့် ပြင်ပသွေးထွက်ခြင်း အပါအဝင် အီဘိုလာ ဗိုင်းရပ်စ်ကူးစက်မှုနှင့် ကိုက်ညီသော လက္ခဏာများ ပြသခဲ့ကြောင်း WHO မှ မီးမောင်းထိုးပြခဲ့ပါတယ်။ 

ဂျီနီဗာတွင် ကြာသပတေးနေ့ကကျင်းပသည့် ဗီဒီယိုသတင်းစာရှင်းလင်းပွဲတစ်ခုတွင် WHO ညွှန်ကြားရေးမှူးချုပ် တီးဒရို့စ် က တန်ဇန်းနီးယားတွင် စုဆောင်းထားသော နမူနာများကို နိုင်ငံတကာရည်ညွှန်းဓာတ်ခွဲခန်းများသို့ တင်ပြကာ စံလုပ်ထုံးလုပ်နည်းများနှင့်အညီ နောက်ထပ်နမူနာများကို စုဆောင်းရန် တိုက်တွန်းခဲ့ပါတယ်။

WHO ၏ စိုးရိမ်ပူပန်မှုများကို တုံ့ပြန်ရာတွင် တန်ဇန်းနီးယားက ရောဂါခြိမ်းခြောက်မှုများကို ချက်ခြင်း သိရှိနိုင်စေရန် လုပ်ဆောင်ထားကြောင်းနှင့် တုံ့ပြန်ရန်အတွက် ကျန်းမာရေးစောင့်ကြည့်ရေးစနစ်များကို ပြုလုပ်ထားကြောင်း ပြောကြားခဲ့ပါတယ်။ 

ကာဂီယာ ဒေသတွင် ၂၀၂၃ မတ်လ ကလည်း မားဘဂ် ဗိုင်းရပ်စ်ဖြစ်ပွားမှုကို ကြုံတွေ့ခဲ့ဖူးပါတယ်။ ရောဂါဖြစ်ပွားမှုကြောင့် အတည်ပြုလူနာကိုးဦးနှင့် သေဆုံးသူ ခြောက်ဦးရှိခဲ့ပါတယ်။  မားဘဂ် ဗိုင်းရပ်စ်ကို ယခင်က Marburg hemorrhagic fever မားဘဂ်သွေးလွန်တုတ်ကွေး ဟုလူသိများပါတယ်။  ဂျာမဏီနိုင်ငံ မားဘဂ်မြို့ ၊ ဆာဘီးယားနိုင်ငံ ဘယ်လ်ဂရိတ်မြို့တို့တွင် တပြိုင်နက်ဖြစ်ပွားပြီးနောက် ၁၉၆၇ခုနှစ်တွင် စတင်တွေ့ရှိခဲ့ပါတယ်။ ၎င်းသည် အီဘိုလာနှင့် ဆင်တူပြီး အလွန်ကူးစက်တတ်သော ရောဂါတစ်မျိုးဖြစ်ကာ ရောဂါရှိသူ၏ ခန္ဓာကိုယ်မှအရည်များ သို့မဟုတ် ရောဂါရှိသူနေထိုင်တဲ့ ညစ်ညမ်းနေသော မျက်နှာပြင်များနှင့် ထိတွေ့ခြင်းကြောင့် ကူးစက်နိုင်တဲ့ ရောဂါဖြစ်ပါတယ်။   ရဝမ်ဒါနိုင်ငံရှိ လင်းနို့များသည် မားဘဂ် ဗိုင်းရပ်စ်၏ ပထမဆုံး စံချိန်တင်ဖြစ်ပွားမှု၏ အရင်းအမြစ်ဖြစ်ဖွယ်ရှိကြောင်း မကြာသေးမီက အတည်ပြုခဲ့ပါတယ်။


REF: RT

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)