မြန်မာနိုင်ငံ၏ အပူပိုင်းဇုန်တွင် သီးနှံများပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်စေသည့် အကြောင်းရင်းများ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာသင်တန်းဖွင့်လှစ် - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာနိုင်ငံ၏ အပူပိုင်းဇုန်တွင် သီးနှံများပျက်စီးဆုံးရှုံးမှု ဖြစ်ပေါ်စေသည့် အကြောင်းရင်းများ စိုက်ပျိုးရေးဆိုင်ရာ နည်းပညာသင်တန်းဖွင့်လှစ်


မန္တလေး၊ ဇန်နဝါရီ ၂၂

မဲခေါင်-လန်ချန်း ပူးပေါင်းဆောင်ရွက်ရေး အထူးရန်ပုံငွေဖြင့် အကောင်အထည် ဖော်ဆောင်ရွက်လျက်ရှိသည့် “မြန်မာနိုင်ငံအပူပိုင်းဇုန်တွင် သီးနှံများပျက်စီးဆုံးရှုံးမှုဖြစ် ပေါ်စေသည့်အကြောင်းရင်းများကို လေ့လာဆန်းစစ်ခြင်းစီမံကိန်းမှ စိုက်ပျိုးရေးဆိုင် ရာ နည်းပညာသင်တန်းကို ယနေ့တွင် မန္တလေးတိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာန တိုင်းဦးစီးမှူးရုံး အစည်းအဝေးခန်းမ၌ ကျင်းပသည်။

အခမ်းအနားသို့ စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဒေါက်တာအောင်ကြီး၊ စီမံကိန်းဦးစီးဌာနနှင့် စိုက်ပျိုးရေးဦးစီးဌာနမှ တာဝန်ရှိသူများ ၊ တိုင်းဒေသကြီး၊ ခရိုင်စိုက်ပျိုးရေး ဦးစီးဌာနမှူးများ၊ စီမံကိန်းဝင်မြို့နယ်(၁၅)ခုမှ မြို့နယ်စိုက်ပျိုးရေးဦးစီးမှူးများ၊ တောင်သူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။

အခမ်းအနားတွင် ဒုတိယဝန်ကြီးက သီးနှံများပျက်စီးဆုံးရှုံးမှုကြောင့် ကျေးလက်အိမ်ထောင်စုများ၏ လူမှုစီးပွားနှင့် စိုက်ပျိုးရေးဆိုင်ရာ အခြေအနေများကို သိရှိနိုင်ရန်နှင့်   အပူပိုင်းဇုန်တွင် သီးနှံများ ဆုံးရှုံးမှုပေါ်အခြေခံ၍ သင့်လျော်မည့်မဟာဗျူဟာများကို ဖော်ထုတ်ရန် ယခုစီမံကိန်းကို ဆောင်ရွက်ခြင်းဖြစ်ကြောင်း၊ တောင်သူများအနေဖြင့် သင်တန်းမှ အသိပညာများကို လက်တွေ့အသုံးချနိုင်ရေးကြိုးပမ်းကြရန် တိုက်တွန်းလိုကြောင်း ပြောကြားသည်။

နံနက်ပိုင်းတွင် ဒုတိယဝန်ကြီးသည် တံတားဦးမြို့နယ် စကားအင်းကျေးရွာ တောင်သူဦးဘိုးစိုး၏ ရေဆင်းစပ်မျိုးနေကြာလေးဧကစိုက်ခင်းကို ကြည့်ရှုအားပေးပြီး မွန်းလွဲပိုင်းတွင် တိုင်းဒေသကြီး စိုက်ပျိုးရေးဦးစီးဌာနမှူးရုံး  အစည်းအဝေးခန်းမ၌ တိုင်းဒေသကြီး၊ ခရိုင်နှင့် မြို့နယ်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများနှင့်တွေ့ဆုံ၍  ဝန်ထမ်းများလုပ်ငန်းခွင်ပျော်ရွှင်ရေးနှင့် ရုံးသုံးပစ္စည်းများကောင်းမွန်စေရေး ဆွေးနွေးမှာကြားသည်။


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)