ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မိတ္ထီလာခရိုင်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် စမုံရေထုတ်ပြွန် ပြန်လည်ပြင်ဆင်နေမှုများ ကြည့်ရှုစစ်ဆေး - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော် မိတ္ထီလာခရိုင်အတွင်း စိမ်းလန်းစိုပြည်ရေးနှင့် စမုံရေထုတ်ပြွန် ပြန်လည်ပြင်ဆင်နေမှုများ ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဇန်နဝါရီ ၃၀

စိုက်ပျိုးရေး၊ မွေးမြူရေးနှင့် ဆည်မြောင်းဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးဗိုလ်ဗိုလ်ကျော်သည် ဇန်နဝါရီ ၂၇ ရက် နံနက်ပိုင်းက မန္တလေးတိုင်းဒေသကြီး ရမည်းသင်းမြို့နယ် တဘက္ကာကျေးရွာရှိ စီပင်စိုက်ပျိုးရေးသုတေသနခြံတွင် နေကြာမျိုးသန့် စိုက်ပျိုးထားရှိသည့် ဆင်းရွှေကြာ (၂) ဧက ၄၀ စိုက်ကွင်းကို ကြည့်ရှုစစ်ဆေးပြီး ပြည်တွင်းစားသုံးဆီ ဖူလုံပိုလျှံစေရေးအတွက် ဒေသရေမြေရာသီ ဥတုနှင့်ကိုက်ညီသော အထွက်နှုန်းကောင်းသည့် နေကြာမျိုးကောင်းမျိုးသန့်များ ပိုမို စိုက်ပျိုးထုတ်လုပ် ဖြန့်ဖြူးပေးနိုင်ရေး အကြုံပြုဆွေးနွေးမှာကြား သည်။

ထိုမှတစ်ဆင့် ဒုတိယဝန်ကြီးသည် မိတ္ထီလာတောင်ကန်ဥယျာဉ် မြောင်းရေသောက်စနစ်အတွင်း နွေစပါးဧက ၅၀ နှင့် နွေနှမ်းဧက ၅၀ စိုက်ပျိုးမည့်နေရာ၌ ပေါင်ကြီးတင်စနစ်ဖြင့် စိုက်ပျိုးနိုင်ရန် အမှတ်(၂၅) စက်မှု လယ်ယာစခန်း တာဝန်ရှိသူများ၏ ပေါင်တင်ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု၊ မိတ္ထီလာမြောက်ကန် ရေသောက်စနစ် ကောက်ကွေ့တောမြောင်းတွင် နွေနှမ်း ဧက ၁၀၀ စိုက်ပျိုးမည့် မြေနေရာတို့ကို ကြည့်ရှုစစ်ဆေးပြီး အပင်ဖြစ်ထွန်းကောင်းမွန်ရေးအတွက် လိုအပ်သော သွင်းအားစုများနှင့် တစ်ဧက ပန်းတိုင်အထွက်နှုန်းရရှိရေးစသည့် လယ်ယာကဏ္ဍဆိုင်ရာ ကွင်းဆက် တစ်လျှောက်၌ သက်ဆိုင်ရာ ဦးစီးဌာနများက တောင်သူများနှင့်အတူ ပူးပေါင်းဆောင်ရွက်ပေးကြရန် ဆွေးနွေး မှာကြားသည်။

ဆက်လက်၍ မိတ္ထီလာမြို့ ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန အစည်း အဝေးခန်းမ၌ ခရိုင်အဆင့် လယ်ယာကဏ္ဍဆိုင်ရာ တာဝန်ရှိသူများကို တွေ့ဆုံ၍ မိတ္ထီလာလွင်ပြင် စိမ်းလန်းစိုပြည်ရေး၊ စိုက်ပျိုးရေရရှိရေးနှင့် သီးနှံများ ပန်းတိုင်အထွက်နှုန်း ပြည့်မီရေး၊ မွေးမြူရေးကဏ္ဍဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင် အထူးအားထည့်လုပ်ဆောင်ကြရန် ဆွေးနွေးမှာကြားသည်။

ထို့နောက် ဒုတိယဝန်ကြီးသည် မန္တလေးတိုင်းဒေသကြီးအတွင်း ရေကြီးရေလျှံမှုများကြောင့် ထိခိုက် ပျက်စီးမှုများ ဖြစ်ပေါ်ခဲ့သည့် စမုံရေထုတ်ပြွန် ပြန်လည်တည်ဆောက်ရေးလုပ်ငန်းများ၊ စမုံ ချောင်း ရေလွှဲမြောင်းဖောက်လုပ်ခြင်းနှင့် စမုံရေထုတ်ပြွန်အောက်ပိုင်းရှိ ရေသောက်ဧရိယာ ဧက ၂၀၀၀၀ ကျော်ခန့်အား ယခုနှစ် နွေသီးနှံစိုက်ပျိုးရာသီတွင် ရေပေးဝေရန်အတွက် ယာယီရေပေးမြောင်း ဖောက်လုပ်ခြင်း လုပ်ငန်းများကို ကြည့်ရှုစစ်ဆေးပြီး စက်ကိရိယာ ယာဉ်ယန္တရားများ လုံလောက်မှု ရှိစေရေး၊ သတ်မှတ်ကာလအတွင်း အချိန်မီပြီးစီးနိုင်ရေးတို့ကို တာဝန်ရှိသူများအား ဆွေးနွေး မှာကြားခဲ့ကြောင်း သိရသည်။

 

#MNP #News #Meiktila

Join - https://t.me/MyanmarNationalPost


ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)