ဇီလန်စကီး က ခွေးလိုလုပ်နေတယ်လို ယူကရိန်းအမတ်ဆို - Myanmar National Post

Myanmar National Post

News Agency

Breaking

ဇီလန်စကီး က ခွေးလိုလုပ်နေတယ်လို ယူကရိန်းအမတ်ဆို


ဇန်နဝါရီ - ၂၀ ( တနင်္လာနေ့ ) 

ယူကရိန်းပါလီမန်အဖွဲဝင်တစ်ဦးက ယူကရိန်းခေါင်းဆောင် ဗလာဒီမာ ဇယ်လန်စကီးကို ခွေးတစ်ကောင်နှင့် ခိုင်းနှိင်းခြင်းကြောင့် အငြင်းပွားမှုများ ဖြစ်ပွားခဲ့ပါတယ်။

ယူကျု့ ချန်နယ် Bliznyuk Live တွင် မကြာသေးမီက အင်တာဗျူးတစ်ခုတွင် သမ္မတဟောင်း ပေါရိုရှန်ကိုရဲ  ဥရောပညီညွတ်ရေးပါတီမှ ပါလီမန်အမတ် ဆိုဖီယာ ဖီဒီနီ က ဇီလန်စကီးရဲ့  ခေါင်းဆောင်မှုကို ဝေဖန်ခဲ့ပါတယ်။  တနင်္ဂနွေနေ့က လွှင့်ခဲ့တဲ့ အဲ့ဒိအင်တာဗျူးနဲ့ ပတ်သက်ပြီး လူတော်တော်များများက စိတ်ဝင်စားမှု ဖြစ်ခဲ့ပါတယ်။ 

ဖီဒီနီ က သမ္မတသည် ပြည်သူ့ဝန်ထမ်းတစ်ဦးအနေဖြင့် သူ့အား ရွေးကောက်ခံပြည်သူများအပေါ် ၎င်း၏ တာဝန်ခံမှုကို အသိအမှတ်ပြုရမည်ဖြစ်ကြောင်း ပြောဆိုခဲ့ပါတယ်။  

ဖီဒီနီက သူမ၏ အတွေ့အကြုံကို ခွေးများနှင့် ပတ်သက်တဲ့ အတွေ့အကြုံကို အသုံးပြုကာ သူမရဲ့ အချက်ကို သရုပ်ဖော်ခဲ့ပါတယ်။ “ကျမမှာ ခွေး ၂ကောင်ရှိတယ်။ တစ်ကောင်က စစ်ပွဲဇုံထဲကနေ လာတာပါ။ အဲ့တော့ အဲ့ဒိခွေး အိမ်ရောက်တဲ့နေ့ကနေ စပြီးတော့ အိမ်မှာနဂိုရ်ရှိတဲ့ခွေးကို ရန်ရှာတော့တာပါပဲ။ စိတ်ပညာရှင်တွေ ပြောတာကတော့ စစ်ပွဲတွေကြာင့် အဲ့လို ဖြစ်ရတာလို့ သိရပါတယ်။ ပိုင်ရှင်က သူ့နေရာကို မပြမချင်း အဲ့ဒိခွေးက ဝရန်သုန်းကားကို လုပ်နေတောာ့ပါပဲ” လိုပြောခဲ့တာပဲဖြစ်ပါတယ်။ 

သူမက သမ္မတကို ခွေးနဲ့ နှိင်းယှဉ်မှုအတွက် တောင်းပန်ပြီး “ခွေးတွေကို ကမ္ဘာပေါ်မှာ အကောင်းဆုံး သတ္တဝါတွေ လို့ ကျမ ယူဆနေတုန်းပါပဲ၊ ဒါပေမယ့် ယူကရိန်းသမ္မတက ယူကရိန်းနိုင်ငံသားတွေ အလုပ်ခန့်ထားတဲ့ ပုဂ္ဂိုလ်ပါ။ သူ့နေရာနဲ့သူ ကောင်းကောင်းသိရပါမယ်” လို့ ဆိုပါတယ်။

ဇီလန်စကီးက  အမှီအခိုကင်းသော သတင်းထောက်များကို ရှောင်နေတယ်လို့ ပါလီမန်အမတ်က စွပ်စွဲကာ “သူတို့ကို ကြောက်နေတယ်”လို့ဆိုသည်။ သူမရဲ့အဆိုအရ ဇီလန်စကီး က စကားကို လိပ်ပတ်လည်အောင် မပြောတတ်ဘူးလို့ သိရပါတယ်။ အဲ့ဒါကြောင့် နောက်ပိုင်းမှာ ဇီလန်စကီး က အင်တာဗျူးတွေ ကိုရှောင်နေတာပါ လို့ ဆိုတယ်။ ဇီလန်စကီးရဲ့ခေါင်းဆောင်မှုကို အဂတိလိုက်စားမှု၊ ကာကွယ်ရေးဝယ်ယူမှုတွင် ထိရောက်ခြင်းမရှိမှု နှင့် ပြည်သူများကို လျစ်လျူရှုမှုတို့ကို သူမက ပြစ်တင်ဝေဖန်ခဲ့ပါတယ်။ ပြည်ပမီဒီယာများကို အာရုံစိုက်ကာ နိုင်ငံသူ နိုင်ငံသားများအပေါ် တာဝန်ခံမှု ကင်းမဲ့နေခြင်းကို ထင်ဟပ်စေသည်ဟု သူမက ဝေဖန်ခဲ့ပါတယ်။

ဇီလန်စကီး၏ ရာထူးသက်တမ်းမှာ ပြီးခဲ့သည့် မေလက တရားဝင်သက်တမ်း ကုန်ဆုံးသွားသော်လည်း အာဏာဆက်လက် ရှိနေပါတယ်။ ရုရှားနဲ့ ပဋိပက္ခကြောင့် ချမှတ်ထားတဲ့ စစ်အုပ်ချုပ်ရေးဥပဒေကို ကိုးကားပြီး မနှစ်က စီစဉ်ထားတဲ့ သမ္မတ ရွေးကောက်ပွဲကို ဖျက်သိမ်းခဲ့ပါတယ်။ နိုဝင်ဘာလတွင် စစ်အုပ်ချုပ်ရေးဥပဒေကို ၂၀၂၅ ခုနှစ် ဖေဖော်ဝါရီ ၇ ရက်အထိ သက်တမ်းတိုးခဲ့ပါတယ်။ ၎င်း၏အစိုးရသည် ဖီဒီနီ ၏မှတ်ချက်များကို တုံပြန်ခြင်းမရှိသေးပေ။ 


REF- RT 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)