ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သစ်အခြေခံ၊ ကြိမ်နှင့်ဝါး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အချောထည်ထုတ်လုပ်မှု တိုးတက်လာစေရေး ညှိနှိုင်းဆွေးနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ သစ်အခြေခံ၊ ကြိမ်နှင့်ဝါး လုပ်ငန်းရှင်များနှင့်တွေ့ဆုံ၍ အချောထည်ထုတ်လုပ်မှု တိုးတက်လာစေရေး ညှိနှိုင်းဆွေးနွေး


နေပြည်တော် ဇန်နဝါရီ ၂၅

သယံဇာတနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးခင်မောင်ရီသည် ယမန်နေ့က ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် ပုလဲမြို့သစ်ရှိ ရွှေပင်လယ်ကြိမ်အချောထည်စက်ရုံသို့ရောက်ရှိပြီး ကြိမ်အချောထည်ထုတ်လုပ်နေမှု လုပ်ငန်းအဆင့်ဆင့်အား လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ပြည်ထောင်စုဝန်ကြီးသည် ဗိုလ်တထောင်မြို့နယ်ရှိ သစ်တောထွက်ပစ္စည်း ဖက်စပ်ကော်ပိုရေးရှင်းရုံးတွင် သစ်အခြေခံကြိမ်နှင့် ဝါးလုပ်ငန်းရှင်များ၊ ဌာနမှတာဝန်ရှိသူများနှင့် တွေ့ဆုံ၍ မြန်မာနိုင်ငံ၏ သစ်တောသယံဇာတများ ရေရှည်တည်တံ့စေရန် သစ်တောသယံဇာတ ထုတ်ယူသုံးစွဲခြင်းကို အကန့်အသတ်ဖြင့် ထုတ်ယူလျက်ရှိကြောင်း၊ သစ်အခြေခံစက်မှုလုပ်ငန်းများအတွက် လိုအပ်သောကုန်ကြမ်းများကို သဘာဝတောများနှင့် နိုင်ငံပိုင်၊ ပုဂ္ဂလိကပိုင်စိုက်ခင်းများမှ ဖြည့်ဆည်းပေးလျက်ရှိကြောင်း၊ အလားတူဝါးနှင့် ကြိမ်လုပ်ငန်းများအတွက် သဘာဝတောများမှ နှစ်စဉ်ထုတ်လုပ်နိုင်သော ဝါးလုံးရေ ၃၁၈ သန်းနှင့် ကြိမ်လုံးရေ ၇၇ သန်းရှိပြီး ပုဂ္ဂလိကဝါးစိုက်ခင်းများ တည်ထောင်မှုကိုလည်း စိစစ်ခွင့်ပြုပေးလျက်ရှိကြောင်း ပြောကြားသည်။

ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက သစ်အခြေခံစက်မှုလုပ်ငန်းများနှင့် ကြိမ်၊ ဝါး အချောထည်လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် လုပ်ငန်းရှင်များအနေဖြင့် ဈေးကွက်သစ်များ ရှာဖွေရာတွင် ဒေသတွင်းနိုင်ငံများ၏ ပြည်ပတင်ပို့မှု/တင်သွင်းမှု အခြေအနေများကိုလေ့လာပြီး ကြိုးစားဆောင်ရွက်သွားရန်လိုကြောင်း၊ သစ်အခြေခံကြိမ်နှင့် ဝါးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်လာစေရန် ပုဂ္ဂလိကအခန်းကဏ္ဍမှာ အရေးကြီးကြောင်း၊ အဆိုပါပုဂ္ဂလိကလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရန် နည်းပညာနှင့် လူ့စွမ်းအားအရင်းအမြစ် တိုးတက်စေရေး၊ ကုန်ကြမ်းရရှိရေးနှင့် ထုတ်လုပ်ပြီးသော ကုန်ချောများ တင်ပို့ရာတွင် အဆင်ပြေချောမွေ့မှုရှိစေရေးအတွက် ဌာနနှင့်လုပ်ငန်းရှင်များ ပေါင်းစပ်ညှိနှိုင်း၍ ဆောင်ရွက်သွားရမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် တက်ရောက်လာသည့် လုပ်ငန်းရှင်များက မိမိတို့ကဏ္ဍအလိုက် လုပ်ငန်းဆောင်ရွက်နေမှု အခြေအနေများ၊ ကုန်ကြမ်းရရှိမှု၊ ကုန်ချောထုတ်လုပ်မှုနှင့် ဈေးကွက်အခြေအနေ၊ တွေ့ကြုံရသော အခက်အခဲများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြကြပြီး တာဝန်ရှိသူများက ဖြည့်စွက်တင်ပြရာ ပြည်ထောင်စုဝန်ကြီးက လိုအပ်သည်များ ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


#MNP #News #Yangon

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)