Pages

Pages

မြိုင်မြို့နယ်အတွင်းရှိ ကျေးရွာများကို လုံခြုံရေးတပ်ဖွဲ့ဝင်များက မီးရှို့ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်း များကို ယူဆောင်သွားကြောင်း သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသားဝါဒဖြန့်ဝေလျက်ရှိ


နေပြည်တော်၊ ဇန်နဝါရီ ၂၇

မကွေးတိုင်းဒေသကြီး၊ မြိုင်မြို့နယ်၊ ချောင်းနားကျေးရွာ၊ ဆယ်ပြားကျေးရွာ၊ ရွာတန်းရှည် ကျေးရွာ၊ မိတ္ထီလာကျေးရွာနှင့် စိုကန်ကျေးရွာက နေအိမ်တွေကို ဇန်နဝါရီ ၂၆ ရက်တွင် လုံခြုံရေး တပ်ဖွဲ့ဝင်များက ဖျက်ဆီးပြီး ပြည်သူပိုင်ပစ္စည်းများ ယူဆောင်သွားကြောင်း တရားမဝင်ပြည်ဖျက် မီဒီယာများက သတင်းတု၊ သတင်းအမှားများ လုပ်ကြံရေးသား ဝါဒဖြန့်ဝေလျက်ရှိသည်ကို တွေ့ရှိ ရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာလုံခြုံရေးတာဝန်ရှိသူတစ်ဦး၏ ပြောကြားချက် အရ လုံခြုံရေးတပ်ဖွဲ့ဝင်များအနေဖြင့် မြိုင်မြို့နယ်အတွင်း နယ်မြေလုံခြုံရေးဆောင်ရွက်လျက်ရှိရာ ၎င်းကျေးရွာများတွင် နေအိမ်များမီးလောင်ပျက်စီးခြင်းနှင့် ပြည်သူပိုင်ပစ္စည်းများ ယူဆောင်ခြင်းမရှိဘဲ တရားမဝင်ပြည်ဖျက်မီဒီယာများက နယ်မြေလုံခြုံရေးဆောင်ရွက်နေသည့် လုံခြုံရေးတပ်ဖွဲ့ဝင်များ အပေါ် ပြည်သူများ အထင်အမြင်လွဲမှားစေရန်အတွက် မြေပြင်ဖြစ်စဉ်များနှင့် ကွဲလွဲနေသည့် သတင်း တု၊ သတင်းအမှားများဖြင့် ရည်ရွယ်ချက်ရှိရှိ လုပ်ကြံရေးသား ဝါဒဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သတင်းရရှိသည်။


#MNP #News #FakeNews

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق