ငါးသိုင်းချောင်းမြို့တွင် အသက်(၇၀)နှင့်အထက် အဘိုးအဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ငါးသိုင်းချောင်းမြို့တွင် အသက်(၇၀)နှင့်အထက် အဘိုးအဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်း လုပ်ငန်းဆောင်ရွက်




ငါးသိုင်းချောင်း၊ ဇန်နဝါရီ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ငါးသိုင်းချောင်းမြို့ မိခင်နှင့်ကလေးစောင့်ရှောက်ရေးဌာနတွင် အသက်(၇၀)နှင့်အထက် ဘိုးဘွားများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ခြင်းကို ယနေ့နံနက်(၈)နာရီအချိန်က ဆောင်ရွက်ခဲ့ကြောင်း သိရှိရသည်။

ထိုသို့ဆောင်ရွက်ရာတွင် မြို့ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့ဆရာဝန် ဒေါက်တာသန့်ဇော်ထွန်းနှင့် ကျန်းမာရေးဝန်ထမ်းများ၊ မြို့ကြက်ခြေနီအသင်းအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များစုပေါင်းကာ အဘိုးအဘွားများအား သွေးပေါင်ချိန်ခြင်း၊ ဆေးပေးခြင်း၊ ဆေးထိုးခြင်းစသည့်လုပ်ငန်းများ ဆောင်ရွက်ခဲ့ကြပြီး  မြို့မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းနှင့် အလှူရှင်များမှ အလှူငွေများနှင့် အာဟာရများ ကျွေးမွေးလှူဒါန်းခဲ့ကြသည်။  အဆိုပါ အဘိုးအဘွားများအား ကျန်းမာရေးစောင့်ရှောက်မှုကို  ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)