ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရန်ကုန်မြို့ရှိ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများကို ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေ ရန်ကုန်မြို့ရှိ တက္ကသိုလ်များနှင့် အခြေခံပညာကျောင်းများကို ကြည့်ရှုစစ်ဆေး


ရန်ကုန်၊ ဇန်နဝါရီ ၂၃

ပညာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာညွန့်ဖေသည် အဆင့်မြင့်ပညာဦးစီးဌာနမှ တာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းတွင် ဒဂုံတက္ကသိုလ်၌ ကျောင်းသား ကျောင်းသူများနှင့် ရင်းရင်းနှီးနှီးတွေ့ဆုံပြီး သက်ဆိုင်ရာဘာသာရပ်အလိုက် ဘာသာရပ်ဆိုင်ရာ သိသင့်သိထိုက်သော အသိပညာ၊ အတတ်ပညာ၊ အတွေးအခေါ်များကို အမှန်တကယ်တတ်သိနားလည်အောင် ကြိုးစားသင်ယူကြရန် မှာကြားသည်။

ထို့နောက် ဒဂုံတက္ကသိုလ်ဘွဲ့နှင်းသဘင်ခန်းမ၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ/ဌာနမှူးများ၊ တွဲဖက်ပါမောက္ခများ၊ တာဝန်ရှိသူများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက ဘာသာရပ်ဆိုင်ရာ ဆရာကြီး ဆရာမကြီးများအနေဖြင့် ဘာသာရပ်တစ်ခုချင်းစီကို လွှဲပြောင်းတာဝန်ယူမည့်သူများအား အရည်အချင်းရှိသူများဖြစ်လာစေရန် လေ့ကျင့်သင်ကြားပေးရန် လိုအပ်ကြောင်း ပြောကြားပြီး ဆရာ ဆရာမများ၏ တင်ပြချက်များအပေါ် လိုအပ်သည်များကို ညှိနှိုင်းဖြည့်ဆည်းဆောင်ရွက်ပေးသည်။

မွန်းလွဲပိုင်းတွင် နိုင်ငံခြားဘာသာတက္ကသိုလ် (ရန်ကုန်)စာသင်ခန်း၌ ကျောင်းသား ကျောင်းသူများနှင့် တွေ့ဆုံအားပေးစကားပြောကြားပြီး လေ့ကျင့်ရေးအထက်တန်းကျောင်း(TTC)သို့ သွားရောက်ကာ ကျောင်းဥပဓိရုပ်ကောင်းမွန်ရေး ဆောင်ရွက်ထားရှိမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးသည်။

ထို့နောက် ရန်ကုန်ပညာရေးတက္ကသိုလ် Learning Hub ခန်းမ၌ ပထမနှစ် ကျောင်းသား ကျောင်းသူများ နှင့်တွေ့ဆုံရာ ပြည်ထောင်စုဝန်ကြီးက ဆရာ ဆရာမများဖြစ်လာပါက စေတနာကိုအရင်းခံပြီး မိမိတို့၏ တပည့်များအပေါ် အမှန်တကယ်တတ်မြောက်အောင် သင်ကြားပေးနိုင်သော မြင့်မြတ်သည့် ဆရာများဖြစ်အောင် ကြိုးစားကြရန်နှင့်  ကျောင်းသင်ခန်းစာများအပြင် ကိုယ်ကျင့်တရားအကျင့်စာရိတ္တကောင်းမွန်ပြီး နိုင်ငံချစ်စိတ်၊ မျိုးချစ်စိတ်ရှိပြီး ဆရာမိဘအပေါ် ဂါရဝတရားရှိသူများ ဖြစ်လာအောင် သင်ကြားပေးကြရန် ပြောကြားခဲ့ကြောင်း သိရသည်။


#MNP #News #Education

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)