အမေရိကန်သမ္မတသစ် ထရမ့်ကို ပူတင်ချီးကျူးဂုဏ်ပြု - Myanmar National Post

Myanmar National Post

News Agency

Breaking

အမေရိကန်သမ္မတသစ် ထရမ့်ကို ပူတင်ချီးကျူးဂုဏ်ပြု



ဇန်နဝါရီ- ၂၁ ( အင်္ဂါနေ့)

မနေ့က ပြုလုပ်ခဲ့တဲ့ ရုရှားနိုင်ငံအမျိုးသားလုံခြုံရေးကောင်စီအစည်းအဝေးမှာ ရုရှား သမ္မတဗလာဒီမာပူတင်က အသစ်တက်လာတဲ့ အမေရိကန်သမ္မတ ဒေါ်နယ်ထရမ့်ကို ကြိုဆိုကြောင်း ချီးကျူးဂုဏ်ပြုလိုက်ပါတယ်။ သူက ၂ နိုင်ငံကြားဆက်ဆံရေးမြှင့်တင်လိုတဲ့ ထရမ့်ရဲ့ ရည်ရွယ်ချက်ကိုလည်း ချီးကျူးလိုက်ပါတယ်။ 

“ရုရှားနဲ့ ပတ်သက်ပြီး နှုတ်ထွက်တဲ့ အစိုးရအဖွဲက ရပ်ဆိုင်းထားရတဲ့ ကြေညာချက်တွေကို အမေရိကန်သမ္မတသစ်နဲ့ သူ့အဖွဲဝင်တွေကပြင်ဆင်ပြီး ရုရှားနဲ့ တိုက်ရိုက်အဆက်အသွယ် ပြန်လည်ရယူလိုတဲ့ ဆန္ဒရှိကြောင်း ပြောကြားချက်တွေကို နဲ့ ပတ်သက်ပြီး ကျနော်တို ကြားနေရပါတယ်။  တတိယကမ္ဘာစစ်ကို တားဆီးဖို အားလုံးကို လုပ်ဆောင်ဖို လိုအပ်ကြောင်း သူ့ရဲ့ထုတ်ပြန်ချက်ကိုလည်း ကြားသိရပါတယ်” ဟု ပူတင်က ပြောကြားခဲ့သည်။  “ဟုတ်ပါတယ်၊ ဒီလိုသဘောထားကို ကျွန်တော်တို ကြိုဆိုပြီး ရွေးကောက်ခံ အမေရိကန်သမ္မတအဖြစ် တက်လာတာကို ချီးကျူးဂုဏ်ပြုပါတယ်” ဟု ၎င်းက ပြောကြားခဲ့သည်။

မော်စကိုသည် ဝါရှင်တန်နှင့် တွေ့ဆုံဆွေးနွေးရန် ဘယ်သောအခါမှ မငြင်းဆန်ခဲ့ကြောင်း နဲ့  မည်သည့် အမေရိကန်အစိုးရကိုမဆို ကိုင်တွယ်ဖြေရှင်းရန် အဆင်သင့်ရှိကြောင်း သမ္မတက မှတ်ချက်ပြုခဲ့သည်။ ရုရှားသည် ၎င်း၏အခြေခံမူများကို ကတိကဝတ်ပြုကာ တွေ့ဆုံဆွေးနွေးမှုကို "တန်းတူပြီး အပြန်အလှန်လေးစားမှုအခြေခံ" ပေါ်တွင် တည်ဆောက်ရမည်ဟု ယုံကြည်ကြောင်း ပူတင်က အလေးပေးပြောကြားခဲ့သည်။

အထူးသဖြင့် ရုရှားနှင့် ယူကရိန်းကြား ပဋိပက္ခကို အဆုံးတိုင်စေရန် ရည်ရွယ်၍ ပူတင်နှင့် ဆွေးနွေးရန် ၎င်း၏ ရည်ရွယ်ချက်ကို ထရမ့်က အကြိမ်ကြိမ် အချက်ပြခဲ့သည်။ ကျမ်းသစ္စာကျိန်ဆိုပြီးနောက် တက်လာမည့် အမေရိကန်သမ္မတက ပူတင်နှင့် တွေ့ဆုံရန် စီစဉ်ထားကြောင်း ပြီးခဲ့သည့် သီတင်းပတ်က ကြေညာခဲ့သည်။ “သူ (ပူတင်) နဲ့ တွေ့ချင်တယ်ဆိုတာ ကျွန်တော်သိပါတယ်၊ မြန်မြန်တွေ့ဆုံမှာပါ” ဟု တရမ့် က ပြီးခဲ့သည့် တနင်္လာနေ့က ပြောကြားခဲ့သည်။ 

 ခေါင်းဆောင်နှစ်ဦးကြား အလားအလာရှိသော လူချင်းတွေ့ဆုံမှုသည် ဖုန်းပြောဆိုမှုထက် ရှေ့တွင်ဖြစ်မည်ဟု မျှော်လင့်ရသည်။ မော်စကိုသည် တက်လာသော အမေရိကန်အစိုးရနှင့် ဆက်သွယ်ရန် အဆင်သင့်ဖြစ်နေကြောင်း အကြိမ်ကြိမ် အချက်ပြခဲ့သည်။ သိုသော်လည်း ကရင်မလင်၏ ပြောကြားချက်အရ၊ ၎င်းတွေ့ဆုံပွဲကို မည်သည့်အချိန် နှင့် မည်သည့်နေရာတွင် ကျင်းပမည်ဆိုတာကို အတိအကျ အသေးစိတ် မထုတ်ပြန်ခဲ့ပေ။


REF: RT

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)