မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)၂၀၂၄-၂ဝ၂၅ ပညာသင်နှစ်မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား တက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)၂၀၂၄-၂ဝ၂၅ ပညာသင်နှစ်မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနား တက်ရောက်







မော်လမြိုင်၊ ဇန်နဝါရီ ၂၂

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)၂၀၂၄-၂ဝ၂၅ ပညာသင်နှစ်မောင်မယ်သစ်လွင်ကြိုဆိုပွဲ အခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)‌၊ ကျောင်းခန်းမဆောင်၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ကျောင်းအုပ်ဆရာကြီးနှင့် ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်သည်။

အခမ်းအနားတွင် မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်းက မွန်ပြည်နယ်တွင် ဒေသဖွံ့ဖြိုးတိုးတက်ရေးနှင့် ပြည်သူများ၏ လူမှုစီးပွားဘဝဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူပြုစေနိုင်ပြီး အရည်အချင်းပြည့်ဝတဲ့ အင်ဂျင်နီယာတွေ မွေးထုတ်နိုင်ရန် ရည်ရွယ်၍ အစိုးရစက်မှုလက်မှုသိပ္ပံ (မော်လမြိုင်)ကို ဖွင့်လှစ်ပေးထားခြင်းဖြစ်ပါကြောင်း၊ အခြေခံပညာကျောင်းများနှင့် အဆင့်မြင့်တက္ကသိုလ်များတွင် တက်ရောက်သင်ကြားနေသူများရှိသလို နည်းပညာနှင့် သက်မွေးပညာသင်ကြားလိုသူ လူငယ်လူရွယ်များအတွက် နည်းပညာနှင့်သက်မွေးပညာကဏ္ဍသည် အထူးအရေးပါသည်ကို တွေ့ရှိရကြောင်း၊ ကျောင်းသား၊ ကျောင်းသူ မောင်မယ်တို့သည် မိမိဒေသအတွင်း အမှန်တကယ်အသုံးချရန်လိုအပ်နေတဲ့ နည်းပညာနှင့်သက်မွေးပညာရပ်တွေကို အကျိုးရှိရှိအသုံးချနိုင်ဖို့ ကြိုးစားအားထုတ်ဖို့လိုအပ်သလို ပြည်နယ်အတွက် အားကိုးရမယ့် အသိပညာရှင်၊ အတတ်ပညာရှင် လူတော်၊ လူကောင်း‌လေးတွေဖြစ်လာအောင် ကြိုးစားအားထုတ်ကြစေလိုကြောင်း အမှာစကားပြောကြားခဲ့သည်။

ထို့နောက် အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)၊ ကျောင်းအုပ်ကြီးက ကျောင်းနှင့် ပတ်သက်သည့် အကြောင်းအရာများအား ရှင်းလင်းတင်ပြပြီး အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)မှ ကျောင်းသား၊ ကျောင်းသူလေးများက တေးသရုပ်‌ဖော်အကအလှများ၊ တိုင်းရင်းသားရိုးရာအကများဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်က ကပြဖျော်ဖြေပေးခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူလေးများအား ဂုဏ်ပြုဆုငွေများ ပေးအပ်ချီးမြှင့်ခဲ့ပြီး အစိုးရစက်မှုလက်မှုသိပ္ပံ(မော်လမြိုင်)မှ မောင်မယ်သစ်လွင် ကျောင်းသား၊ ကျောင်းသူလေးများကို ရင်းရင်းနှီးနှီး လိုက်လံနှုတ်ဆက်ခဲ့ကြောင်း သိရှိရသည်။


စည်သူ 

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)