Pages

Pages

အမေရိကန် က တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၅,၀၀၀ ကျော်အတွက် နေရပ်ပြန်ပို့ရန် စတင်ဆောင်ရွက်


မက္ကဆီကိုနဲ့နယ်စပ်ကို လုံခြုံအောင် ကူညီပေးဖို့ တပ်ဖွဲ့ဝင် ၁၅၀၀ စေလွှတ်ပြီး တရားမဝင် ရွှေ့ပြောင်းနေထိုင်သူတွေကို နေရပ်ပြန်ပို့ရေး အကူအညီပေးဖို့ လေယာဉ်တွေ ထောက်ပံ့ပေးသွားမယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။

အမေရိကန်သမ္မတ Donald Trump ဟာ တာဝန်ထမ်းဆောင်တဲ့ ပထမနေ့ဖြစ်တဲ့ တနင်္လာနေ့မှာ တောင်ပိုင်းနယ်စပ်မှာ နိုင်ငံ့အရေးပေါ်အခြေအနေအဖြစ် ကြေညာခဲ့ပြီး တုံ့ပြန်ဆောင်ရွက်ဖို့ ကာကွယ်ရေးဝန်ကြီးဌာနကို ညွှန်ကြားခဲ့ပါတယ်။

ရှာဖွေရေးနဲ့ စောင့်ကြည့်ရေးတွေလို လှုပ်ရှားမှုတွေအတွက် အဲဒီလိုတပ်ဖွဲ့ဝင်တွေ ထပ်တိုးချထားမှုကို အဲဒီဌာနက ဗုဒ္ဓဟူးနေ့မှာ ကြေညာခဲ့ပါတယ်။

ဒါဟာ အဲဒီနယ်စပ်ဒေသမှာ တာဝန်ထမ်းဆောင်နေတဲ့ မြေပြင်တပ်ဖွဲ့ဝင်အရေအတွက် ၆၀ ရာခိုင်နှုန်း တိုးလာမှာဖြစ်တယ်လို့ ဆိုပါတယ်။

San Diego ၊ California နဲ့ Texas ပြည်နယ် El Paso တို့မှာ ထိန်းသိမ်းခံထားရတဲ့ တရားမဝင် ရွှေ့ပြောင်းနေထိုင်သူ ၅,၀၀၀ ကျော်အတွက် နေရပ်ပြန်ပို့ရေး လေကြောင်းခရီးစဉ်တွေကို ပံ့ပိုးကူညီဖို့အတွက် အဲဒီဌာနဟာ စစ်လေယာဉ်တွေ စေလွှတ်မှာလည်း ဖြစ်ပါတယ်။

ဒါ့အပြင် တရားမဝင် နယ်စပ်ဖြတ်ကျော်မှုတွေနဲ့ ဥပဒေနဲ့ဆန့်ကျင်တဲ့ ကုန်ကူးမှုတွေကို တားဆီးဖို့ ရုပ်ဝတ္ထုပိုင်းဆိုင်ရာ အတားအဆီးတွေ ဆောက်လုပ်ရာမှာလည်း ကူညီပေးမယ်လို့ အဲဒီဌာနက ပြောပါတယ်။

မစ္စတာ Trump ရဲ့ ထိပ်တန်းဦးစားပေးတစ်ခုကတေ့ "အမေရိကကို နောက်တစ်ကြိမ် ဘေးကင်းအောင် ပြုလုပ်ဖို့" ဖြစ်ပါတယ်။ အမေရိကန်နယ်စပ်တွေကို လုံခြုံအောင်လုပ်ဆောင်ပြီး အမေရိကန် လူမှုအသိုက်အဝန်းကို ကာကွယ်ပေးဖို့ သူက ကတိပြုထားပါတယ်။


Ref - NHK

#International

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق