အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်မှုနှင့် ဖြစ်ပေါ်တိုးတက်မှုများကို မြန်မာသံအမတ်ကြီး ရှင်းလင်းပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ၏ ပထမအကြိမ် အစည်းအဝေးတွင် ရွေးကောက်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်မှုနှင့် ဖြစ်ပေါ်တိုးတက်မှုများကို မြန်မာသံအမတ်ကြီး ရှင်းလင်းပြောကြား




ဘရပ်ဆဲလ်၊ ဇန်နဝါရီ ၂၄

ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ လူဇင်ဘတ်နှင့် အီးယူဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးစိုးလင်းဟန်သည် ၂၂-၁-၂၀၂၅ ရက်တွင် ဘရပ်ဆဲလ်မြို့ရှိ ဖိလစ်ပိုင်သံရုံး၌ ဖိလစ်ပိုင်သံရုံးမှ အလှည့်ကျဥက္ကဋ္ဌအဖြစ် ဆောင်ရွက်သည့် အာဆီယံ-ဘရပ်ဆဲလ်ကော်မတီ (ABC) ၏ ပထမ အကြိမ် အစည်းအဝေးသို့ တက်ရောက်ခဲ့ပြီး မြန်မာနိုင်ငံ၏ ရွေးကောက်ပွဲကျင်းပရေး ဆောင်ရွက်မှုနှင့် ဖြစ်ပေါ်တိုးတက်မှုများကို ရှင်းလင်းပြောကြားခဲ့သည်။

အဆိုပါအစည်းအဝေးတွင် မလေးရှားသံအမတ်ကြီးက မလေးရှားနိုင်ငံ၊ လန်ကာဝီမြို့၌ ၁၉-၁-၂၀၂၅ ရက်တွင် ပြုလုပ်ခဲ့သည့် အာဆီယံနိုင်ငံခြားရေးဝန်ကြီးများ သီးသန့်အစည်းအဝေး တွင် မြန်မာနိုင်ငံအရေး အပါအဝင် ဒေသတွင်းနှင့် နိုင်ငံတကာအရေးကိစ္စများအား ဆွေးနွေးခဲ့ကြခြင်းကို ရှင်းလင်းပြောကြားခဲ့သည်။ ယင်းနှင့် စပ်လျဉ်း၍ မြန်မာသံအမတ်ကြီးက ဘရပ်ဆဲလ် မြို့ရှိ အာဆီယံသံရုံးများအနေဖြင့် အီးယူနှင့် အခြားမိတ်ဖက်များနှင့် တွေ့ဆုံသည့်အခါတိုင်း မြန်မာနိုင်ငံအရေးကို ဒေသတွင်းကိစ္စရပ်တစ်ခုအဖြစ် မေးမြန်းမှု ကြုံတွေ့ရသည်ဟု သိရှိရပါကြောင်း၊ သို့ဖြစ်ရာ အာဆီယံသံရုံးများအနေဖြင့် လက်ရှိမြန်မာနိုင်ငံ၏ ပြည်တွင်းဖြစ်ပေါ် တိုးတက်မှု အခြေအနေမှန်များအား တစ်ဆင့်စကားမဟုတ်ဘဲ ကိုယ်တိုင်သိရှိနိုင်ရန်အလို့ငှာ ရှင်းလင်းပြောကြားလိုပါကြောင်း၊ မြန်မာနိုင်ငံတွင် လက်တလော ဖြစ်ပေါ်နေသော လက်နက်ကိုင် တိုက်ခိုက်မှုများသည် လက်နက်ကိုင်အဖွဲ့များအကြား လူမျိုးစုကို အခြေခံသော အမျိုးသားရေးဝါဒ (ethno-nationalism) နှင့် မတူညီသော နိုင်ငံရေးရည်မှန်းချက်၊ အကျိုးစီးပွားများကြောင့် ချဉ်းကပ်နားလည်ပုံချင်း ကွဲပြားနေခြင်းကြောင့်ဖြစ်ကြောင်း၊ ယင်းအတွက် ဘုံရည်မှန်းချက် ဖြစ်သည့် ပါတီစုံဒီမိုကရေစီလမ်းကြောင်းပေါ်သို့ ရွေးကောက်ပွဲနိုင်ငံရေးမှတစ်ဆင့် စုစည်း ရောက်ရှိစေရန် နိုင်ငံတော်အစိုးရက အထွေထွေရွေးကောက်ပွဲကျင်းပနိုင်ရေးကို စီစဉ်ဆောင် ရွက်လျက်ရှိခြင်းဖြစ်ကြောင်း၊ ရွေးကောက်ပွဲသည် လက်ရှိဖြစ်ပေါ်နေသော ပဋိပက္ခများ အားလုံး ကို တစ်ထိုင်တည်း ဖြေရှင်းပေးနိုင်မည့် အဖြေမဟုတ်သော်လည်း ဖြစ်နိုင်ခြေရှိသော အလား အလာများအတွက် ခြေတစ်လှမ်းဖြစ်ပါကြောင်း၊ နိုင်ငံတော်အစိုးရအနေနှင့် လက်နက်ကိုင်အဖွဲ့ များကို ပစ်ခတ်တိုက်ခိုက်မှုရပ်စဲပြီး ရွေးကောက်ပွဲလမ်းကြောင်းသို့ ဝင်ရောက်ရန် ဖိတ်ခေါ်မှု ပြုထားပါကြောင်း၊ ၂၀၂၄ ခုနှစ် ပြည်လုံးကျွတ်သန်းခေါင်စာရင်းကို အောင်မြင်စွာ ကောက်ယူနိုင် ခဲ့ပြီး ကနဦးရလဒ်များကို ယခုနှစ် ဇန်နဝါရီလဆန်းပိုင်းတွင် ထုတ်ပြန်ခဲ့ပါကြောင်း၊ သန်းခေါင် စာရင်းရလဒ်များကို အခြေခံ၍ မဲဆန္ဒရှင်စာရင်းကို ပြုစုသွားမည်ဖြစ်ပါကြောင်း၊ ရွေးကောက်ပွဲ ကို ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ၊ ရွေးကောက်ပွဲဥပဒေတို့နှင့်အညီ စီစဉ်ကျင်းပသွားမည်ဖြစ်ပါ ကြောင်း စသည်ဖြင့် ရှင်းလင်းပြောကြားခဲ့သည်။ 

ထို့နောက် ABC သံအမတ်ကြီးများသည် ၂၀၂၅ ခုနှစ် ပထမနှစ်ဝက်ကာလအတွင်း ABC အနေဖြင့် ဆောင်ရွက်သွားမည့် ကိစ္စရပ်များနှင့်  ABC ၏ လှုပ်ရှားမှုများကို ဘယ်လ်ဂျီယံနှင့် အီးယူအသိုက်အဝန်းအတွင်း ပိုမိုသတိပြုမိလာစေရေးအတွက် လူမှုကွန်ရက်မှတစ်ဆင့် မြှင့်တင် ဆောင်ရွက်သွားရေး ကိစ္စတို့အား ဆွေးနွေးမှု ပြုခဲ့ကြပြီး အစည်းအဝေးအား အောင်မြင်စွာ ရုပ်သိမ်းခဲ့သည်။


#MNP #News #International

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)