နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်နှင့် နယ်သာလန်နိုင်ငံ ဆိုင်ရာ သံအမတ်ကြီးများ တွေ့ဆုံပွဲအခမ်းအနားသို့ မြန်မာသံအမတ်ကြီးတက်ရောက် - Myanmar National Post

Myanmar National Post

News Agency

Breaking

နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်နှင့် နယ်သာလန်နိုင်ငံ ဆိုင်ရာ သံအမတ်ကြီးများ တွေ့ဆုံပွဲအခမ်းအနားသို့ မြန်မာသံအမတ်ကြီးတက်ရောက်




ဘရပ်ဆဲလ်၊ ဇန်နဝါရီ ၂၆

ဘယ်လ်ဂျီယံ၊ နယ်သာလန်၊ လူဇင်ဘတ်နိုင်ငံနှင့် ဥရောပသမဂ္ဂဆိုင်ရာ မြန်မာ သံအမတ်ကြီး ဦးစိုးလင်းဟန်သည် ၂၃-၁-၂၀၂၅ ရက်တွင် ဘရပ်ဆဲလ်မြို့ရှိ ဘယ်လ်ဂျီယံ နိုင်ငံဆိုင်ရာ နယ်သာလန် သံရုံးတွင်ကျင်းပခဲ့သည့် နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယအထွေထွေအတွင်းရေးမှူး ချုပ် Mrs. Carola van Rijnsoever နှင့် နယ်သာလန်နိုင်ငံပြင်ပ အခြေစိုက် နယ်သာလန်နိုင်ငံဆိုင်ရာ သံအမတ်ကြီးများ တွေ့ဆုံပွဲအခမ်းအနားသို့ တက်ရောက် ခဲ့သည်။ 

တွေ့ဆုံပွဲသို့ ဘရပ်ဆဲလ်မြို့ အခြေစိုက် အရှေ့တောင်အာရှ ၊ အလယ်အာရှ၊ ကာရေဘီယံနှင့် ပစိဖိတ်ဒေသရှိနိုင်ငံသံရုံးများမှ သံအမတ်ကြီးများ ပါဝင်တက်ရောက်ခဲ့ကြပြီး လတ်တလော ကမ္ဘာ့ဖြစ်ပေါ်တိုးတက်မှုများနှင့် စပ်လျဉ်း၍ နယ်သာလန်နိုင်ငံ၏ သဘောထား အမြင်များကို မေးမြန်းခဲ့ကြသည်။ 

မြန်မာသံအမတ်ကြီးမှ မြန်မာနိုင်ငံသည် ပထဝီဝင်အနေအထားနှင့် သွင်ပြင်လက္ခဏာများ အရ ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးဒဏ်ကိုခံစားရန် လွယ်ကူသည့် နိုင်ငံများတွင် ပါဝင်ကြောင်း၊ သို့ဖြစ်ရာ မြန်မာနိုင်ငံအနေဖြင့် အာရှ၊ ကာရေဘီယံနှင့်ပစိဖိတ်ဒေသမှ နိုင်ငံများအပါအဝင် ကုလသမဂ္ဂအဖွဲ့ဝင်(၉၂)နိုင်ငံနှင့်အတူ ၂၀၂၄ ခုနှစ်၊ ဒီဇင်ဘာလတွင် နယ်သာလန်နိုင်ငံ၊သည်ဟိတ်ဂ် မြို့ရှိ အပြည်ပြည်ဆိုင်ရာတရားရုံး၏ ရာသီဥတုပြောင်းလဲမှုတွင် နိုင်ငံများ၏ တာဝန်ရှိမှုအပေါ် တရားရုံး အကြံပြုသုံးသပ်ချက်တောင်းခံခြင်းဆိုင်ရာ ကြားနာပွဲတွင်  နှုတ်ဖြင့် တင်သွင်းချက်ကို တင် သွင်းခဲ့ပါကြောင်း၊ နိုင်ငံတော်အစိုးရမှ ပါရီသဘောတူညီချက် အဖွဲ့ဝင်နိုင်ငံအနေဖြင့် မြန်မာပြည်သူ ပြည်သားများနှင့် ကမ္ဘာ‌ပေါ်ရှိနေထိုင်သူအားလုံးအတွက် ပါရီသဘောတူညီချက်၏ ရေရှည်ရည်မှန်း ချက်များကို ပြည့်မီနိုင်ရန်နှင့် ရာသီဥတုပြောင်းလဲမှု၏ သက်ရောက်မှုများကို ဖြေရှင်းနိုင်ရန် အကန့်အသတ်ရှိသော အရင်းအမြစ်များဖြင့်ပင် ကိုယ်ပိုင်စွမ်းဆောင်ရည်အားဖြင့် အစဉ်တစိုက်ကြိုးပမ်း ဆောင်ရွက်လျက်ရှိကြောင်း၊ နယ်သာလန် နိုင်ငံသည်လည်း ရာသီဥတုပြောင်းလဲမှုထိန်းသိမ်း ကာကွယ်ရေးတွင် တက်ကြွစွာ ပါဝင်ဆောင်ရွက်လျက်ရှိသည်ကို တွေ့ရှိရသဖြင့် လတ်တလောတွင် အင်အားကြီးနိုင်ငံ၏ ပါရီသဘောတူညီချက်အဖွဲ့ဝင်နိုင်ငံအဖြစ်မှ နှုတ်ထွက်ခြင်းသည် အနာဂတ် တွင် ရာသီဥတုဆိုင်ရာ နိုင်ငံတကာပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းများမှ ငွေကြေးနှင့်နည်းပညာ အကူအညီလျော့နည်း ရရှိလာပါက ရာသီဥတုပြောင်းလဲမှုကြောင့် သဘာဝဘေးဒဏ်ကို ခံစားရန် လွယ်ကူသည့် နိုင်ငံများ၏ အကောင်အထည်ဖော်ဆောင်ရွက်မှုလုပ်ငန်းများတွင် မည်မျှထိ အကျိုး သက်ရောက်မှုရှိနိုင်မည်ဖြစ်ကြောင်း နယ်သာလန်နိုင်ငံ၏ သဘောထားအမြင်ကို သိရှိလိုပါကြောင်း မေးမြန်းခဲ့သည်။ 

နယ်သာလန်နိုင်ငံခြားရေးဝန်ကြီးဌာန၊ ဒုတိယအထွေထွေအတွင်းရေးမှူးချုပ်မှ မိမိအနေ ဖြင့် မြန်မာနိုင်ငံ၏ ရာသီဥတုပြောင်းလဲမှုထိန်းသိမ်းရေးဆိုင်ရာ ကြိုးပမ်းဆောင်ရွက်မှုများကို သိရှိပါ ကြောင်း၊  မြန်မာနိုင်ငံနှင့် နယ်သာလန်နိုင်ငံတို့အကြား ၂၀၁၃-၂၀၁၉ ခုနှစ်အတွင်း ရေသယံဇာတ အရင်းအမြစ်များ ဘက်စုံစီမံအုပ်ချုပ်ခြင်း စီမံကိန်းကို နားလည်မှုစာချွန်လွှာ ရေးထိုး၍ ပူးပေါင်း ဆောင်ရွက်ခဲ့ပါကြောင်း၊ ပါရီသဘောတူညီချက်၏ ရေရှည်ရည်မှန်းချက်များကို ပြည့်မီရန် ဆောင်ရွက်ရာတွင် နိုင်ငံများအကြား မတူညီသည့် ချဉ်းကပ်မှုနှင့် အမြင်များရှိနိုင်ပါကြောင်း၊ သို့ဖြစ်ရာ ပါရီသဘောတူညီချက်မှ အင်အားကြီးနိုင်ငံ၏ နှုတ်ထွက်ခြင်း သည် သဘောတူညီချက်၏ မူဘောင် အတွင်း နိုင်ငံတကာပူးပေါင်းဆောင်ရွက်မှုများအပေါ် မည်ကဲ့သို့ အကျိုးသက်ရောက်မှုရှိလာနိုင် မည်ကို ဆက်လက်စောင့်ကြည့်သွားရမည်ဖြစ်ပါကြောင်း ဖြေကြားခဲ့သည်ဟု သိရသည်။ 


#MNP #News #Brussels

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)