Pages

Pages

ပြည်တက္ကသိုလ် (၂၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနား ကျင်းပ






ပြည်၊ ဇန်နဝါရီ ၁၉

ပဲခူးတိုင်းဒေသကြီး ပြည်မြို့ရှိ ပြည်တက္ကသိုလ်၏ (၂၂)ကြိမ်မြောက်ဘွဲ့နှင်းသဘင် အခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ယင်းတက္ကသိုလ် ဘွဲ့နှင်းသဘင်ခန်းမ၌ကျင်းပရာ ရှေးဦးစွာ ပြည်တက္ကသိုလ် ပါမောက္ခချုပ်ဒေါက်တာသက်လွင်နှင့် သဟာယအဖွဲ့ဝင်များ သတ်မှတ်နေရာယူကြသည်။

ထို့နောက် ဘာသာရပ်အလိုက် ကောင်းစွာအောင်မြင်ပေါက်မြောက်ခဲ့ပြီဟု ပညာရေးအဖွဲ့ကကြေညာပြီးဖြစ်သော ပြည်တက္ကသိုလ်ဘာသာရပ်ပေါင်းစုံမှဘွဲ့ရ ကျောင်းသား၊ကျောင်းသူများအား ပါမောက္ခချုပ်က ဘွဲ့လက်မှတ်များပေးအပ် ချီးမြှင့်သည်။

ပြည်တက္ကသိုလ်၏ (၂၂)ကြိမ်မြောက် ဘွဲ့နှင်းသဘင်အခမ်းအနားကို ဇန်နဝါရီ ၁၈ ရက်မှ ၁၉ ရက်‌အထိ နှစ်ရက်ကြာ ကျင်းပခြင်းဖြစ်ပြီး အဆိုပါဘွဲ့နှင်းသဘင်တွင် အဝေးရောက်ဘွဲ့လျှောက်လွှာတင်ယူသူများအပါအဝင် ပြည်တက္ကသိုလ်၏ အထူးပြုဘာသာရပ်ပေါင်းစုံ(နေ့သင်တန်း)များမှ ဝိဇ္ဇာ/သိပ္ပံဘွဲ့ရ ကျောင်းသား၊ကျောင်းသူပေါင်း ၁၁၆၁ ဦးကို ပါမောက္ခချုပ်က ဘွဲ့လက်မှတ်များအသီးသီး အပ်နှင်းချီးမြှင့်ခြင်းဖြစ်သည်။ အလားတူ ဇန်နဝါရီ ၂၄/၂၅ ရက်နှင့် ၂၇/၂၈ ရက်နေ့တို့တွင်လည်း ပြည်တက္ကသိုလ်၏ (အဝေးသင်)ဘွဲ့ရ ကျောင်းသား၊ကျောင်းသူ ၂၇၇၆ ဦးအား ဘွဲ့လက်မှတ်များ ဆက်လက်အပ်နှင်းချီးမြှင့်မည်ဖြစ်ကြောင်း ယင်းတက္ကသိုလ်မှ သိရသည်။


ကိုဆက်

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق