Pages

Pages

ကျောင်းကားကို ဓားနဲ့တိုက်ခိုက်ခဲ့သူကို တရုတ်တရားရုံးက သေဒဏ် စီရင်ချက်ချ


ဂျပန်ကျောင်းသားတွေကို တင်ဆောင်လာတဲ့ ဘတ်စကားတစ်စီးကို ဓားနဲ့တိုက်ခိုက်မှုအတွက် တရားစွဲဆိုခံထားရတဲ့ အမျိုးသားတစ်ဦးကို တရုတ်တရားရုံးတစ်ရုံးက သေဒဏ်ချမှတ်ခဲ့တယ်လို့ ဂျပန် နိုင်ငံခြားရေး ဝန်ကြီးဌာနက ပြောကြားလိုက်ပါတယ်။

မနှစ်က ဇွန်လမှာ အသက် ၅၀ တန်းအရွယ် အမျိုးသားတစ်ဦးဟာ Jiangsu ပြည်နယ် Suzhou မြို့မှာ အဲဒီကျောင်းကားကို တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။ တရုတ်လူမျိုး ဘတ်စကားဝန်ထမ်း အမျိုးသမီးတစ်ဦး သေဆုံးပြီး ဂျပန်အမျိုးသမီးတစ်ဦးနဲ့ သူ့ရဲ့ ရင်သွေး ဒဏ်ရာရခဲ့ကြပါတယ်။ အဲဒီအမျိုးသားဟာ လူသတ်မှုနဲ့ တရားစွဲခံခဲ့ရတယ်လို့ အဲဒီဝန်ကြီးဌာနက ပြောပါတယ်။

အဲဒီဖြစ်ရပ်ကြောင့် တရုတ်နိုင်ငံတစ်ဝန်းက ဂျပန်အသိုက်အဝန်းတွေမှာ လုံခြုံရေးဆိုင်ရာ စိုးရိမ်ပူပန်မှုတွေ ဖြစ်ပေါ်ခဲ့ပြီး ဂျပန်စာသင်ကျောင်းတွေရဲ့ လုံခြုံရေးအစီအမံမြှင့်တင်မှုတွေ ဖြစ်လာခဲ့ပါတယ်။


Ref - NHK

#International

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق