မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ မဲခေါင်နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင်နိုင်ငံများ၏ ဗဟိုတာဝန်ခံများ အစည်းအဝေးကို မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ မဲခေါင်နားလည်မှုစာချွန်လွှာ လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင်နိုင်ငံများ၏ ဗဟိုတာဝန်ခံများ အစည်းအဝေးကို မြန်မာနိုင်ငံကအိမ်ရှင်အဖြစ် ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပ



နေပြည်တော် ဇန်နဝါရီ ၂၁

မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ မဲခေါင်နားလည်မှု စာချွန် လွှာ လက်မှတ်ရေးထိုးထားသည့် အဖွဲ့ဝင်နိုင်ငံများ၏ ဗဟိုတာဝန်ခံများအစည်းအဝေးကို  မြန်မာနိုင်ငံက အိမ်ရှင်အဖြစ် မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့မှူးရုံး အစည်းအဝေးခန်းမ၌ ယမန်နေ့က ဗီဒီယိုကွန်ဖရင့်ဖြင့် ကျင်းပသည်။

အစည်းအဝေးဖွင့်ပွဲတွင် မူးယစ်ဆေးဝါးနှင့် စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများအန္တရာယ် တားဆီးကာကွယ်ရေး ဗဟိုအဖွဲ့၊ တွဲဖက်အတွင်းရေးမှူး၊ မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေး ရဲတပ်ဖွဲ့ တပ်ဖွဲ့မှူး ယာယီရဲမှူး ချုပ် သန့်လွင်မောင်က မူးယစ်ဆေးဝါးထိန်းချုပ်ရေးဆိုင်ရာ မဲခေါင်နားလည်မှု စာချွန်လွှာသည် ဒေသတွင်း မူးယစ်ဆေးဝါးထိန်းချုပ်ရေးပူးပေါင်းဆောင်ရွက်ရန်အတွက် အရေးပါသော မူဘောင်တစ်ခုဖြစ်ကြောင်း၊ အဖွဲ့ဝင်နိုင်ငံများအကြား တားဆီးနှိမ်နင်းရေး၊ ကုသရေးနှင့် ပြန်လည်ထူထောင်ရေး၊ ဘိန်းစိုက်ပျိုးမှု လျော့နည်းပပျောက်ရေးနှင့် အစားထိုး ဖွံ့ဖြိုးရေးကဏ္ဍများကို အရှိန်အဟုန်မပြတ် ပူးပေါင်းဆောင်ရွက်လျက်ရှိခြင်းကြောင့် အောင်မြင်မှုများ ရရှိခဲ့ကြောင်း၊ မြန်မာနိုင်ငံအနေဖြင့် မူးယစ်ဆေးဝါးထုတ်လုပ်သယ်ဆောင်ရောင်းဝယ်မှု အခြေအနေများနှင့် သယ်ဆောင်ရာလမ်းကြောင်း ပြောင်းလဲမှုများအပေါ် သုံးသပ်ပြီး အထူးစစ်ဆင်ရေးများကို နှစ်စဉ် စီမံချက် ချမှတ်ဆောင်ရွက်လျက်ရှိ ကြောင်း၊ မဲခေါင်အဖွဲ့ဝင်နိုင်ငံများ နှင့်လည်း မူးယစ်ဆေးဝါးတားဆီး နှိမ်နင်းရေးဆိုင်ရာ စစ်ဆင်ရေးများ ပူးပေါင်းဆောင်ရွက်သွားရန် အသင့်ရှိကြောင်း။

မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလုပ်ငန်းများ ဆောင်ရွက်ရာတွင် ဓာတုပစ္စည်းများ ထိန်းချုပ်ရေးသည် မဖြစ်မနေ ဆောင်ရွက်ရန် လိုအပ်ကြောင်း၊ ဓာတုပစ္စည်းများ တရားမဝင် ဝင်ရောက်မှုမရှိစေရေးနှင့် လမ်းလွဲမရောက်ရှိရေးအတွက် ဝိုင်းဝန်းပူးပေါင်းဆောင်ရွက်ပေးကြရန်နှင့် UNODC အနေဖြင့်လည်း လိုအပ်ချက်များအပေါ် ကူညီဆောင်ရွက်ပေးစေလိုကြောင်း၊ မူးယစ်ဆေးဝါးပြဿနာကို ဖြေရှင်း ရာတွင် နိုင်ငံများအချင်းချင်း နိုင်ငံရေးရောယှက်မှု ကင်းရှင်းစွာဖြင့် သတင်းအချက်အလက် ဖလှယ်ခြင်းများနှင့်အတူ ပူးပေါင်းဆောင်ရွက်မှုများ တိုးမြှင့်ဆောင်ရွက်သွားရန် လိုအပ်မည် ဖြစ်ကြောင်း၊ မဲခေါင်အဖွဲ့ဝင်နိုင်ငံများနှင့် UNODC တို့ပူးပေါင်း၍ မူးယစ်ဆေးဝါးတိုက်ဖျက်ရေး လုပ်ငန်းများ ပိုမိုထိရောက်စွာ ဆောင်ရွက်နိုင်မည်ဟု ယုံကြည် ကြောင်း ပြောကြားသည်။

အစည်းအဝေးသို့ တရုတ်၊ ကမ္ဘောဒီးယား၊ လာအို၊ မြန်မာ၊ ထိုင်းနှင့် ဗီယက်နမ်နိုင်ငံတို့မှ ကိုယ်စားလှယ်များ၊ UNODC မှ ကိုယ်စားလှယ်များ တက်ရောက်ကြပြီး ဒေသတွင်းမူးယစ်ဆေးဝါး အခြေအနေများ၊ ၂၀၂၅ ခုနှစ်အတွင်း ဦးစားပေးဆောင်ရွက်သွားမည့်လုပ်ငန်းများ၊ (၆၈) ကြိမ် မြောက် မူးယစ်ဆေးဝါးကော်မရှင်အစည်းအဝေးတွင် မဲခေါင် MoU အဖွဲ့ဝင်နိုင်ငံများ၏ side event ပြုလုပ်သွားမည့် ကိစ္စရပ်များ၊ မဲခေါင်ဒေသခွဲလုပ်ငန်းစီမံချက် - ၁၃ (မူကြမ်း) ရေးဆွဲရေးဆိုင်ရာ ကိစ္စရပ်များ၊ ၂၀၂၅ ခုနှစ်တွင် အဆင့်မြင့်အရာရှိကြီးများအစည်းအဝေးနှင့် ဝန်ကြီးအဆင့် အစည်းအဝေး ကျင်းပနိုင်ရေးကိစ္စရပ်များကို ဆွေးနွေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)