ပုသိမ်မြို့နယ် ငွေဆောင်ကမ်းခြေတွင် အဏ္ဏဝါအမှိုက်စစ်တမ်းကောက်ယူခြင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပုသိမ်မြို့နယ် ငွေဆောင်ကမ်းခြေတွင် အဏ္ဏဝါအမှိုက်စစ်တမ်းကောက်ယူခြင်းဆောင်ရွက်




ပုသိမ်၊ ဇန်နဝါရီ ၂၂

ပတ်ဝန်းကျင်ထိန်းသိမ်းရေးကော်မတီ၏ အစည်းအဝေးဆုံးဖြတ်ချက်အရ အဏ္ဏဝါအမှိုက်သရိုက် စစ်တမ်းကောက်ယူခြင်းဆိုင်ရာ လမ်းညွှန်စာအုပ် (Marine Litter Audit Guidebook) ကိုအသုံးပြု၍ ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့နယ်ရှိ ငွေဆောင်ကမ်းခြေတွင် အဏ္ဏဝါအမှိုက်စစ်တမ်း ကောက်ယူခြင်းကို ယနေ့နံနက်ပိုင်းက ဆောင်ရွက်ခဲ့သည်။

စစ်တမ်းကောက်ယူရေးကြီးကြပ်မှုအဖွဲ့ဝင်များဖြစ်သော တိုင်းဒေသကြီးပတ်ဝန်းကျင် ထိန်းသိမ်းရေးဦးစီးဌာန ညွှန်ကြားရေးမှူးမှ ဦးဆောင်၍ တိုင်းဒေသကြီးငါးလုပ်ငန်းဦးစီးဌာန၊ ငွေဆောင်မြို့ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ မြို့စည်ပင်သာယာရေးအဖွဲ့၊ ဟိုတယ်နှင့်ခရီးသွား ညွှန်ကြားမှုဦးစီးဌာန၊ ငွေဆောင်ဟိုတယ်လုပ်ငန်းရှင်များအသင်းတို့မှ တာဝန်ရှိသူများ၊ ဒေသခံအသင်းအဖွဲ့များမှ စုစုပေါင်းအင်အား(၃၈)ဦးတို့ဖြင့် ကမ်းခြေဆင်းလမ်းများအနီးတို့ရှိ ကမ်းခြေတည်နေရာ (၆)နေရာတွင် ကမ်းခြေဇုန်(၁၂)ဇုန်ခွဲ၍ အဏ္ဏဝါအမှိုက် စစ်တမ်းကောက်ယူခြင်းအား ဆောင်ရွက်ခဲ့သည်။ ကမ်းခြေတစ်လျှောက်ရှိ အမှိုက်အမျိုးအစား၊ ပမာဏ၊ ပါဝင်မှုနှုန်းနှင့် အမှိုက်ထွက်ရှိရာ အရင်းအမြစ်များကို သိရှိစေရန်၊ အမှိုက်စွန့်ပစ်မှုဆိုင်ရာ အမူအကျင့်များ ပြောင်းလဲစေရေး အသိပညာပေးလုပ်ငန်းများချမှတ်ရာတွင် အထောက်အကူဖြစ်စေရန်နှင့် တစ်ခါသုံးပလတ်စတစ်များ၊ ထုတ်လုပ်၊ သုံးစွဲ၊ ရောင်းချမှုများကို ကန့်သတ်ရာတွင် အထောက်အကူဖြစ်စေရန် မျှော်မှန်းချက်များဖြင့် စစ်တမ်းကောက်ယူခြင်း ဖြစ်ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)