Pages

Pages

မတူပီမြို့တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့်တိုက်ခိုက်မှုကြောင့် နေအိမ် နှင့်ဆိုင်ခန်းများ ပျက်စီးခဲ့သည်ဟု မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ချိ



နေပြည်တော်၊ ဇန်နဝါရီ ၂၇

ချင်းပြည်နယ်၊ မတူပီမြို့ကို လုံခြုံရေးတပ်ဖွဲ့ဝင်များက လေကြောင်းဖြင့် တိုက်ခိုက် မှုကြောင့် လူနေအိမ်နှင့်ဆိုင်ခန်းများ ပျက်စီးခဲ့သည်ဟု တရားဝင်ပြည်ဖျက်မီဒီယာ များက မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ဝေနေသည်ကို တွေ့ရှိရသည်။

အဆိုပါသတင်းနှင့်ပတ်သက်၍ သက်ဆိုင်ရာအုပ်ချုပ်ရေးတာဝန်ရှိသူတစ်ဦး၏ ပြောပြချက်အရ မတူပီမြို့တွင် လေကြောင်းတိုက်ခိုက်မှုလုပ်ဆောင်ခြင်းတစ်စုံတစ်ရာ မရှိကြောင်း၊ လုံခြုံရေးတပ်ဖွဲ့ဝင်များအပေါ် ပြည်သူများအထင်အမြင်လွဲမှားစေရန်နှင့် အေးချမ်းစွာနေထိုင်လိုသည့် ပြည်သူများစိုးရိမ်ထိတ်လန့်စေပြီး ဒေသတည်ငြိမ်အေးချမ်း မှုပျက်ပြားစေရန်အတွက် တရားမဝင်ပြည်ဖျက်မီဒီယာများက ဖြစ်စဉ်ဖြစ်ရပ်မှန်ကန်မှု မရှိသည့် သတင်းများကို ရေးသားဖြန့်ဝေနေခြင်းသာဖြစ်ကြောင်း သိရှိရသည်။


#MNP #News #FakeNews

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق