လူလက်မခံရင် အခွန်းတိုးမယ်ဆိုလို့ လက်ခံလိုက်ရပါတယ် - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

လူလက်မခံရင် အခွန်းတိုးမယ်ဆိုလို့ လက်ခံလိုက်ရပါတယ်



ဇန်နဝါရီ - ၂၇ ( တနင်္လာနေ့ ) 

ပြီးခဲ့တဲ့ တနင်္လာနေ့မှာ ဒေါနယ်ထရမ့်သမ္မတဖြစ်တယ်။ အဲ့ဒိနေ့မှာပဲ အမေရိကန်နိုင်ငံအတွင်းက အထောက်အထားမဲ့ ရွှေ့ပြောင်းတွေကို နှင်ထုတ်ဖို့အတွက် သမ္မတလုပ်ပိုင်ခွင့်ကို သုံးပြီး လက်မှတ်ထိုးပေးလိုက်တယ်။ 

ဗုဒ္ဓဟူးနေ့မှာ အမေရိကန်က မြို့တော်တော်များများမှာ အထောက်အထားမဲ့ ရွှေ့ပြောင်းတွေကို လူဝင်မှုကြီးကြပ်ရေးက လိုက်ဖမ်းတယ်။ ပြီးတော့ လေယာဉ်ပေါ်တင်ပြီး နေရပ်နိုင်ငံကို ပြန်ပို့တယ်။ မက္ကဆီကို နဲ့ ကိုလံဘီယာက သူ့နိုင်ငံသားတွေကို ပြန်လက်မခံဘူး။ လေယာဉ်လည်း ဆင်းခွင့်မပေးဘူး လို့ ပြောတယ်။ 

ဒါပေမဲ့ ထရမ့်အစိုးရအဖွဲ့ လူလက်မခံရင် ၂ နိုင်ငံကုန်သွယ်မှုမှာ အမေရိကန်ဘက်ကနေ အခွန်တိုးကောက်မယ်လို့ ကြိမ်းပါတယ်။ အရင်က မက္ကဆီကိုနဲ့ ကိုလံဘီယာနိုင်ငံတွေက သွင်းကုန်တွေကို အမေရိကန်က ၂၅% ကောက်နေရာက အခု ၅၀% ကောက်မယ်လို့ ဆိုလိုက်ပါတယ်။ အိမ်ဖြူတော်က အရင်ဆုံး ကုန်သွယ်မှုအပေါ် အခွန်စည်းကြပ်မှု တိုးမယ်။ မရရင် စီးပွားရေး ပိတ်ဆို့အရေးယူမှု စမယ်လို့ ကြောညာလိုက်ပါတယ်။ အခုတော့ မက္ကဆီကိုရော၊ ကိုလံဘီယာ ၂ နိုင်ငံ လုံးကပါ ရွှေ့ပြောင်းတွေ ပြန်ပို့တာကို လက်ခံလိုက်ရပါပြီ။ 


Ref - Reuters

#MNP #News #American

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)