တာမွေ၊ ဇန်နဝါရီ ၂၇
ရန်ကန်တိုင်းဒေသကြီး သင်္ဃန်းကျွန်းခရိုင် တာမွေမြို့နယ် တာမွေကြီး(က+ဂ)ရပ်ကွက် (၁၅၅)လမ်း အမှတ်(၈၅)ရှိ အကျယ်အဝန်း (၂၀×၄၀)ပေ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း(၂)ထပ် အမျိုးအစား နေအိမ်အပေါ်ထပ်တွင် ဇန်နဝါရီလ(၂၇)ရက်နေ့ နံနက်(၁)နာရီ (၄၅)မိနစ်အချိန်က ကော်အဝတ်ပုံးပေါ် ဖယောင်းတိုင်မီးထွန်းထားရာမှ အဝတ် ပုံးပေါ်ရှိ အဝတ်ပေါ်သို့ မီးကူးစက်လောင်ကျွမ်းမှု ဖြစ်ပွားခဲ့ရာ လူနှင့်တိရစ္ဆာန် ထိခိုက်ဒဏ်ရာရရှိမှု မရှိကြောင်း သိရသည်။
အဆိုပါ မီးလောင်မှုဖြစ်စဉ်ဖြစ်ပွားခဲ့သည့် နေရာသို့ မီးငြှိမ်းသတ်ယာဉ်(၇)စီး၊ ရေသယ်ယာဉ်(၂)စီး၊ အထောက် အကူပြုယာဉ်(၁)စီး၊ အုပ်ချုပ်မှုယာဉ်(၁)စီး၊ သန္ဓေမီးသတ်တပ်ဖွဲ့ဝင်(၆၁)ဦး၊ အရန်မီးသတ်တပ်ဖွဲ့ဝင်(၂၆)ဦးတို့ဖြင့် ရောက်ရှိမီးငြှိမ်းသတ်ခဲ့ရာ နံနက်(၂)နာရီ(၃)မိနစ်အချိန်တွင် မီးငြိမ်းခဲ့ကြောင်းနှင့် မီးလောင်မှုကြောင့် (၂၀×၄၀)ပေ သွပ်မိုး၊ အုတ်ကာ၊ ပျဉ်ခင်း အဆောက်အဦ၏ အပေါ်ထပ်၊ အခန်းအတွင်းရှိ အဝတ်အစားအနည်းငယ်နှင့် လူသုံးကုန် ပစ္စည်းတစ်ချို့တို့ မီးလောင်ပျက်စီးခဲ့ကြောင်း သိရသည်။
အဆိုပါမီးလောင်ကျွမ်းမှုနှင့်ပတ်သက်၍ အိမ်ပိုင်ရှင် ဒေါ်တင်တင်လှိုင်အား တာမွေမြို့မရဲစခန်းမှ (ပ) ၃၁ / ၂၀၂၅ / ၂၈၅ ဖြင့် အမှုဖွင့် အရေးယူဆောင်ရွက်ထားကြောင်း သတင်းရရှိပါသည်။
နိုင်လင်းအောင်
#MNP #News #Yangon
Join - https://t.me/MyanmarNationalPost


ليست هناك تعليقات:
إرسال تعليق