တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သာစည်မြို့နယ် ရေဘေးသင့်ပြည်သူများအား ပံ့ပိုးကူညီသည့် ပစ္စည်းများ ပေးအပ် - Myanmar National Post

Myanmar National Post

News Agency

Breaking

တိုင်းဒေသကြီးအစိုးရအဖွဲ့မှ သာစည်မြို့နယ် ရေဘေးသင့်ပြည်သူများအား ပံ့ပိုးကူညီသည့် ပစ္စည်းများ ပေးအပ်

 


သာစည်၊ ဇန်နဝါရီ ၂၃

ပြည်တွင်းပြည်ပအလှူရှင်များက ရေဘေးသင့်ပြည်သူများအတွက် နိုင်ငံတော်အစိုးရထံ ပေးပို့လှူဒါန်းထားသည့်ပစ္စည်းများအား မန္တလေး တိုင်းဒေသကြီးအစိုးရအဖွဲ့က သာစည်မြို့နယ် ရေဘေးသင့်ပြည်သူများထံ ပေးအပ်ပွဲကို ဇန်နဝါရီလ ၂၂ ရက်နေ့ မွန်းလွဲပိုင်းက မိတ္ထီလာခရိုင် သာစည်မြို့နယ် ခန်းမ၌ ကျင်းပပြုလုပ်ရာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များ တက်ရောက်ပေးအပ်ခဲ့ကြောင်း သိရသည်။

အခမ်းအနားတွင် ဦးစွာ တိုင်းဒေသကြီးအစိုးရအဖွဲ့ကိုယ်စား ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးက အမှာစကား ပြောကြားသည်။ ထို့နောက် ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဇော်တင်မိုးနှင့်အဖွဲ့ဝင်များ၊ ခရိုင်အဆင့်ဌာနဆိုင်ရာများ၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမျိုးသက်ကျော်နှင့်အဖွဲ့ဝင်များက ရေဘေးသင့်ပြည်သူများအတွက် လှူဒါန်းသောပစ္စည်းများကို ရေဘေးသင့်ပြည်သူများထံ ပေးအပ်သည်။ ပေးအပ်ပွဲတွင် ဆန်၊ ရေ၊ ရိက္ခာနှင့် အဝတ်အထည်များ၊ လူသုံးကုန်ပစ္စည်းများ ပေးအပ်ခဲ့ကြောင်း သိရသည်။ ၎င်းနောက် ရေဘေးသင့်ပြည်သူများကိုယ်စား ညောင်ရမ်းဈေးကျေးရွာအုပ်စုမှ‌ ဦးအောင်စိုးဝင်းက ကျေးဇူးတင်စကား ပြောကြားသည်။

အဆိုပါအခမ်းအနားသို့ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ရေဘေးသင့်ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)