၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနားကျင်းပရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ


ရန်ကုန်၊ ဇန်နဝါရီ ၂၂

ပြန်ကြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးမောင်မောင်အုန်းသည် ရန်ကုန်မြို့ ဗဟန်းမြို့နယ်ရှိ ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုပ်ရှင်မြှင့်တင်ရေးဌာနခွဲ အစည်းအဝေးခန်းမ၌ ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲ အခမ်းအနားကျင်းပရေးနှင့်ပတ်သက်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးသို့ တက်ရောက်အမှာစကား ပြောကြားသည်။

အစည်းအဝေးသို့ မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံးဥက္ကဋ္ဌ ဦးကြည်စိုးထွန်း၊ ဒုတိယဥက္ကဋ္ဌများ၊ တွဲဖက်အတွင်းရေးမှူးများ၊ အလုပ်အမှုဆောင်များ၊ ဖိတ်ကြားထားသော ဧည့်သည်တော်များနှင့် တာဝန် ရှိသူများ တက်ရောက်ကြသည်။

အစည်းအဝေး၌ ပြည်ထောင်စုဝန်ကြီးက ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့် ပွဲအခမ်းအနားကျင်းပရန် လုပ်ငန်းပြီးစီးမှုအခြေအနေ နှင့် ဆက်လက်ဆောင်ရွက်သွားမည့် အခြေအနေများကို ဝိုင်းဝန်းအကြံပြုဆွေးနွေးပေးစေလိုပါကြောင်း၊ မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ကဏ္ဍပေါင်းစုံမှ အဖွဲ့အစည်းများကလည်း ပူးပေါင်းဆောင်ရွက်နေသည်ကို တွေ့ရပါကြောင်း၊ ယမန်နှစ်ကကျင်းပခဲ့သည့် မြန်မာ့ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲ အခမ်းအနားအပေါ် အတွေ့အကြုံများရယူပြီး ယခုနှစ်ကျင်းပမည့် မြန်မာ့ ရုပ်ရှင်ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို အကောင်းဆုံးဖြစ်အောင် ဆောင်ရွက်နေသည်ကို တွေ့ရသည့်အတွက် ဝမ်းသာပီတိဖြစ်ရပါကြောင်း။

အခမ်းအနားသို့ ပြည်သူချစ်သက်ကြီးအနုပညာ ရှင်များကို တက်ရောက်နိုင်ရန် ဖိတ်ကြားထားသည့် အတွက် ၎င်းတို့၏သွားလာရေး၊ နေထိုင်ရေး၊ ကျန်းမာ ရေး၊ စားသောက်ရေးကိစ္စများကို ကူညီဖြည့်ဆည်း ပေးရန်လိုအပ်ပါကြောင်း၊ အခမ်းအနားကြီး အောင်မြင်စွာကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီ အလိုက် လုပ်ငန်းတာဝန်များကို အချိန်မီပြီးစီးရေး ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးရန်နှင့် လိုအပ်ချက် များကို အကြံပြုဝိုင်းဝန်းဆွေးနွေးပေးကြစေလို ကြောင်း ပြောကြားသည်။

ထို့နောက်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန ညွှန်ကြားရေးမှူးချုပ်က၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနား ကြိုတင်ပြင်ဆင်ဆောင်ရွက်ထားရှိမှု အခြေအနေများ ကို ရှင်းလင်းတင်ပြသည်။

ယင်းနောက် မြန်မာနိုင်ငံရုပ်ရှင်အစည်းအရုံ ဥက္ကဋ္ဌ ဦးကြည်စိုးထွန်းနှင့် တက်ရောက်လာကြသူ များက ၂၀၂၄ ခုနှစ်အတွက် မြန်မာ့ရုပ်ရှင်ထူးချွန်ဆု ချီးမြှင့်ပွဲအခမ်းအနား အောင်မြင်စွာကျင်းပနိုင် ရေးအတွက် ဝိုင်းဝန်းအကြံပြုဆွေးနွေးကြပြီး ပြည်ထောင်စုဝန်ကြီးက ဆွေးနွေးတင်ပြချက်များ အပေါ်ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးကာ နိဂုံးချုပ် အမှာစကားပြောကြားသည်။ 


#News

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)