ကချင်ပြည်နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု(Clean and Green School Award) ချီးမြှင့်နိုင်ရေး အခြေခံစံနှုန်း၊ အညွှန်းကိန်းများနှင့်ကိုက်ညီသော ကျောင်းများအား စိစစ်ရွေးချယ် - Myanmar National Post

Myanmar National Post

News Agency

Breaking

ကချင်ပြည်နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ်သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု(Clean and Green School Award) ချီးမြှင့်နိုင်ရေး အခြေခံစံနှုန်း၊ အညွှန်းကိန်းများနှင့်ကိုက်ညီသော ကျောင်းများအား စိစစ်ရွေးချယ်


မြစ်ကြီးနား၊ ဇန်နဝါရီ ၂၄

ကချင်ပြည်နယ်အတွင်း ၂၀၂၄-၂၀၂၅ ဘဏ္ဍာနှစ် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သောကျောင်းဆု(Clean and Green School Award) ချီးမြှင့်နိုင်ရေး အခြေခံစံနှုန်း၊ အညွှန်းကိန်းများနှင့်ကိုက်ညီသော ကျောင်းများအား စိစစ်ရွေးချယ်နိုင်ရေးအတွက် ဆု‌ရွေးချယ်ရေးလုပ်ငန်းကော်မတီအဖွဲ့ဝင်များက ယမန်နေ့မွန်းလွဲ ၂ နာရီက ပြည်နယ်အစိုးရအဖွဲ့ရုံး အစည်းအဝေးခန်းမ၌ စိစစ်ရွေးချယ်နိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ကျင်းပပြုလုပ်ခဲ့ကြကြောင်း သိရသည်။

အဆိုပါလုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ဆုရွေးချယ်ရေးလုပ်ငန်းကော်မတီဥက္ကဋ္ဌ၊ ပြည်နယ်အစိုးရအဖွဲ့ဝင် လူမှုရေးရာဝန်ကြီး ဦးမိုးမင်းသိန်းက ယခုနှစ်အတွက် သန့်ရှင်း၍ စိမ်းလန်းစိုပြည်သော ကျောင်းများပေါ်ထွန်းလာစေ‌ရေးအတွက် ကွင်းဆင်းစစ်ဆေးခြင်း၊ ပံ့ပိုးပေးခြင်းနှင့် လိုအပ်သည့် ကူညီများပေးခြင်းတို့ကို ဆောင်ရွက်ခဲ့ပြီးဖြစ်သည့်အတွက် အခြေခံစံနှုန်း၊ အညွှန်းကိန်းများနှင့် အညီ ဆုစိစစ်ရွေးချယ်နိုင်ရေး အလေးထားစိစစ်ရွေးချယ် ဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားပြီး လုပ်ငန်းကော်မတီ ဒုတိယဥက္ကဋ္ဌ၊ ပြည်နယ်သယံဇာတရေးရာဝန်ကြီး ဦးတိန့်ဆောင်က ဆုရကျောင်းများအား ဆုများပေးအပ်ချီးမြှင့်နိုင်ရေးနှင့် အမျိုးသားအဆင့်တွင် ဆက်လက်ယှဉ်ပြိုင်နိုင်ရေး အဆိုပြုတင်ပြနိုင်ရန် ရွေးချယ်ဆောင်ရွက်သွားရမည် အစီအစဉ်များကို ရှင်းလင်းပြောကြားသည်။

ထို့နောက်ပြည်နယ်ပတ်ဝန်းကျင်ထိန်းသိမ်းရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးက သန့်ရှင်းရေးစိမ်းလန်းစိုပြည်သော ကျောင်းဆုချီးမြှင့်နိုင်ရေးအတွက် စာရင်းသွင်း ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည့် ကျောင်းများ၏ပတ်ဝန်းကျင်ဆိုင်ရာ အသိအမြင်၊ အလေ့အကျင့်များ အကောင်အထည်ဖော်ဆောင် ရွက်ထားရှိမှုများအား ပြိုင်ပွဲဝင်ကျောင်းများ၏ Video ကလစ်အား ဖွင့်လှစ်ပြသရာ ကော်မတီအဖွဲ့ဝင်များက ပြိုင်ပွဲဝင် ကျောင်းတစ်ခုချင်းအလိုက် အကောင်အထည်ဖော်ဆောင်ရွက်ချက်များအပေါ် ဆုရွေးချယ်ရေးလုပ်ငန်းများ စိစစ်အကြုံပြုဆွေးနွေးတင်ပြကြသည်။

အကြံပြုတင်ပြမှုများအပေါ် ပြည်နယ်ဝန်ကြီးများက လုပ်ငန်းကော်မတီတာဝန်ရှိသူများနှင့်ပေါင်းစပ်ညှိနှိုင်း၍စိစစ်ရွေးချယ်အတည်ပြုဆောင်ရွက်ခဲ့ကြကြောင်း သိရသည်။


#MNP #News #Education

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)