ထရမ့်အစိုးရသစ် နဲ့ ICC ထိပ်တိုက်တွေ့ပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ထရမ့်အစိုးရသစ် နဲ့ ICC ထိပ်တိုက်တွေ့ပြီ


ဇန်နဝါရီ - ၂၂ ( ဗုဒ္ဓဟူးနေ့ ) 

အစ္စရေးဝန်ကြီးချုပ် နေတန်ယာဟုကို နိုင်ငံတကာ ရာဇဝတ်မှုဆိုင်ရာ တရားရုံး (အိုင်စီစီ) က ဖမ်းဝရမ်း ထုတ်ထားတဲ့ ကိစ္စနဲ့ တရားရုံးနဲ့ ပတ်သက်ပြီး အမေရိကန် ထရမ့်အစိုးသစ် နဲ့ထိပ်တိုက်တွေ့နိုင်ဖွယ်ရာရှိတယ်လို့ ဂါဒီးယန်းသတင်းဌာနက ဖော်ပြလိုက်ပါတယ်။ 

ထရမ့်အစိုးရအဖွဲ့က ရာထူးလက်မခံခင်ကတည်းက ဂါဇာမှာဖြစ်နေတဲ့ အစ္စရေး - ဟားမတ် အပစ်ရပ်ရေးနဲ့ ဓားစားခံလဲလှယ်ရေး ကိစ္စကို ပွဲစားလုပ်ပြီးအောင်မြင်စွာလုပ်နိုင်ခဲ့ပါတယ်။ အိုင်စီစီက နေတန်ယာဟုကို လူမျိုးတုန်းသတ်ဖြတ်မှု ဆိုင်ရာနဲ့ တရားစွဲပြီး ဖမ်းဝရမ်းထုတ်ထားတာဖြစ်လို့ ထရမ့်အစိုးရလုပ်ငန်းစဉ်နဲ့ အိုင်စီစီ လုပ်ငန်းစဉ်တွေက ကွဲပြားနေပါတယ်။ ထရမ့်နဲ့ နေတန်ယာဟုက ဆက်ဆံရေးကောင်းမွန်တာကြောင့် အိုင်စီစီ ဖမ်းဝရမ်းက နေတန်ယာဟုအပေါ် သက်ရောက်မှု မရှိနိုင်သလိုဖြစ်သွားနိုင်ပါတယ်။ 

တကယ်တမ်းတော့ နေတန်ယာဟု ဖမ်းဝရမ်းက အိုင်စီစီကို ရပ်တန့်သွားစေနိုင်လောက်တဲ့အထိ ဖြစ်သွားနိုင်ပါတယ်။ ဘာဖြစ်လို့လည်းဆိုတော့ အိုင်စီစီရဲ့ ရုံးလုပ်ငန်း အားလုံး နဲ့ အချက်အလက်တွေ အားလုံးက အမေရိကန် မိုက်ခရိုဆော့ဖ် အပေါ်မှာ မှီခိုနေရလို့ပဲဖြစ်ပါတယ်။ အိုင်စီစီ တရားသူကြီးတွေနဲ့ အမှုဆောင်တွေ အပေါ်ကို အမေရိကန်က ပိတ်ဆို့မှုလုပ်လိုက်လျှင် တရားရုံးက ဆက်လက်ရှင်သန်ဖို့ မဖြစ်နိုင်တော့ပါဘူး။ 

အစ္စရေးနဲ့ ပတ်သက်လာရင် ထရမ့်က သူ့ရဲ့ ပထမသက်တမ်းမှာတုန်းကလည်း မြို့တော်ကို တဲလ်အဗစ်ကနေ အနောက်ဂျေရုစလင်ကို ပြောင်းဖို့ သဘောတူညီခွင့်ပြုခဲ့ပြီး အစ္စရေးကို အပိုင်ပေးခဲ့ဖူးတာရှိပါတယ်။ အဲ့ဒိကိစ္စက အမေရိကန် အစိုးရအဆက်ဆက် လက်ရှောင်ခဲ့တဲ့ ကိစ္စပါ။ ဂျေရုစလင်ကို အစ္စရေးအားအပိုင်ပေးလိုက်တဲ့ ကိစ္စက အစ္စရေးအပေါ် ထရမ့်အစိုးရ အလေးထားမှုကို ပြသနေတာပဲ ဖြစ်ပါတယ်။ 

အိုင်စီစီ အရာရှိတစ်ယောက် အဆိုအရဆိုရင် ထရမ့်က ကွန်ကရက်ကိုကျော်ပြီး သူ့ရဲ့ လုပ်ပိုင်ခွင့်ကနေ အမိန့်ထုတ်လိုက်ရင် အိုင်စီစီက လေဖြတ်သွားသလို ဖြစ်သွားပါလိမ့်မယ်လို့ သိရပါတယ်။ ထရမ့်ရဲ့အမိန့်က ICC ၏ ဘဏ်လုပ်ငန်းနှင့် ငွေပေးချေမှုစနစ်များ၊ အိုင်တီအခြေခံအဆောက်အအုံများနှင့် အာမခံဝန်ဆောင်မှုပေးသူများ နဲ့ ICC ၏ ဝင်ရောက်ခွင့်အပေါ် သက်ရောက်မှုရှိနိုင်တယ်လို့လည်း ၎င်းကသုံသပ်သွားပါတယ်။ 


REF - RT

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)