Pages

Pages

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း ITPEC စာမေးပွဲအောင်လက်မှတ်နှင့် ထူးချွန်ဆုချီးမြှင့်ပွဲကျင်းပ


ရန်ကုန် ဇန်နဝါရီ ၃၁

၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ကျင်းပစစ်ဆေးခဲ့သည့် ခုနစ်နိုင်ငံအသိအမှတ်ပြု ITPEC စာမေးပွဲ အောင်လက်မှတ်နှင့် ထူးချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကို ဇန်နဝါရီ ၂၉ ရက်က လှိုင်တက္ကသိုလ်နယ်မြေရှိ MICT Park ကွန်ဖရင့်ဟောခန်းမ၌ ကျင်းပသည်။

အခမ်းအနားတွင် မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်က အမှာစကားပြောကြားပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌ ဦးထွန်းခိုင်က အခမ်းအနား ကျင်းပနိုင်ခြင်းအတွက် ကျေးဇူးတင်စကားပြောကြားသည်။

ယင်းနောက် ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ကျင်းပစစ်ဆေးခဲ့သည့် FE Exam နှင့် IP Exam တို့တွင် ခုနစ်နိုင်ငံ၌ အမှတ်အများဆုံး (ITPEC Award) ဆုရရှိသူများကို မြန်မာနိုင်ငံကွန်ပျူတာအသင်းချုပ်ဥက္ကဋ္ဌ ဦးမင်းဇေယျာလှိုင်က ဂုဏ်ပြုလက်မှတ်များ ပေးအပ်သည်။ ဆက်လက်၍ FE Exam တွင် မြန်မာနိုင်ငံ၌ အမှတ်အများဆုံး (Excellence Award) ဆုရရှိသူများကို မြန်မာနိုင်ငံ ကွန်ပျူတာပညာရှင်အသင်းဥက္ကဋ္ဌ ဦးထွန်းခိုင်ကလည်းကောင်း၊ IP Exam တွင် မြန်မာနိုင်ငံ၌ အမှတ်အများဆုံး (Excellence Award) ဆုရရှိသူများကို မြန်မာနိုင်ငံ ကွန်ပျူတာလုပ်ငန်းရှင်အသင်းဥက္ကဋ္ဌ ဦးမျိုးမင်းဦးကလည်းကောင်း ဂုဏ်ပြုလက်မှတ်များ ပေးအပ်ကြသည်။

ဆက်လက်၍ ၂၀၂၄ ခုနှစ် အောက်တိုဘာလတွင် ကျင်းပစစ်ဆေးခဲ့သည့် FE Exam တွင် အောင်မြင်ခဲ့သူများအား အောင်လက်မှတ်များပေးအပ်သည်။

အခမ်းအနားတွင် မြန်မာနိုင်ငံကွန်ပျူတာပညာရှင် အသင်းဒုတိယဥက္ကဋ္ဌ ဒေါက်တာဝင်းထိန်ဝင်းက AI Opportunities and Challenges ခေါင်းစဉ်ဖြင့် ဆွေးနွေးဟောပြောသည်။ ယနေ့ပြုလုပ်သည့် ITPEC စာမေးပွဲအောင် လက်မှတ်ပေးအပ်ပွဲတွင် အောင်မြင်သူများမှာ မြန်မာတစ်နိုင်ငံလုံးတွင် ၇၃၃ ဦးရှိကြောင်း သိရသည်။


မျိုးမင်းသူရ

#MNP #MICT

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق