ဒလမြို့နယ်၌ အာဟာရဖွံ့ဖြိုးတိုးတက်‌စေရေးအစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယ)အကြိမ် ကျောင်းတွင်းနေ့လယ်စာအာဟာရကျွေးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ဒလမြို့နယ်၌ အာဟာရဖွံ့ဖြိုးတိုးတက်‌စေရေးအစီအစဉ်ဖြင့် KG ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယ)အကြိမ် ကျောင်းတွင်းနေ့လယ်စာအာဟာရကျွေးမွေးခြင်းလုပ်ငန်းများ ဆောင်ရွက်


ဒလ၊ ဇန်နဝါရီ ၃၁

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်း၍ KG ကျောင်းသား၊ ကျောင်းသူများအား (ဒုတိယ)အကြိမ်ကျောင်းတွင်း‌နေ့လယ်စာအာဟာရကျွေးမွေးခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်း၊ အ.ထ.က(ရခိုင်ချောင်)နှင့် အ.မ.က ထော်အောက်ကျေးရွာများတွင် ဆောင်ရွက်ခဲ့ကြသည်။ 

အာဟာရကျွေးမွေးရာ၌ အမှတ်(၅)အခြေခံပညာအလယ်တန်းကျောင်းရှိ KG ကျောင်းသား၊ ကျောင်းသူ(၃၁)‌ဦး၊ အ.ထ.ကရခိုင်ချောင်ကျေးရွာရှိ KG ကျောင်းသား၊ ကျောင်းသူ(၃၂)ဦး၊ အ.မ.က ထော်အောက်ကျေးရွာရှိ KG ကျောင်း၊ ကျောင်းသူ(၃၁)ဦး စုစုပေါင်း KG ကျောင်းသား၊ ကျောင်းသူ(၉၄)ဦးတို့အား ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်ဝစေရန် အသားဓါတ်၊ ကစီဓါတ်၊ အဆီဓါတ်၊ ဗီတာမင်ဓါတ်၊ သတ္တုဓါတ်နှင့်ရေဓါတ် စသည်တို့ပါဝင်သော အာဟာရဖြစ်စေမည့် စားသောက်ဖွယ်ရာများကျွေးမွေးခဲ့ကြပြီး ကျောင်းသား၊ ကျောင်းသူများအားလုံး ကျန်းမာသန်စွမ်းပြီး အာဟာရပြည့်၀စေရေး၊ ကျန်းမာရေးနှင့်ညီညွတ်သော အမူအကျင့်များ စွဲမြဲကျင့်သုံးတက်စေရန်၊ ကြီးထွားဖွံ့ဖြိုးကျန်းမာမှုနှင့်ပညာရေးတိုးတက်မှုများအတွက် ကျန်းမာရေးနှင့်ညီညွတ်သော အစားအသောက်ပုံစံများ မြှင့်တင်ရန်ရည်ရွယ်ချက်ဖြင့် ကျောင်းတွင်းအာဟာရကျွေးမွေးခြင်း၊ အာဟာရအကြောင်းအသိပညာပေးခြင်း၊ စနစ်တကျလက်ဆေးခြင်း၊ နေ့လယ်စာစားပြီးသွားတိုက်ခြင်းနှင့်ပတ်သက်၍ အသိပညာပေးခြင်းများဆောင်ရွက်ပေးခဲ့ကြသည်။

အဆိုပါ‌ကျောင်းတွင်းနေ့လယ်စာအာဟာရ ကျွေးမွေးရာနေရာများသို့ မြို့နယ်ပညာရေးမှူးဒေါ်မြင့်မြင့်အေး၊ မြို့နယ်မြို့မိမြို့ဖဦးကျော်မြင့်ဦး၊ ကျန်းမာရေး၀န်ထမ်းများနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများက သွားရောက်ကြည့်ရှုခဲ့ကြပြီး လိုအပ်သည်များကို ဝိုင်းဝန်းပူးပေါင်းကူညီ ဆောင်ရွက်ပေးခဲ့ကြသည်။


ခင်စန္ဒာမြင့်

#MNP #News

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)