ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ် (Mr. Sergey Lavrov) (ASEAN) အဖွဲ့ဝင်နိုင်ငံများ၏ သံအမတ်ကြီးများနှင့် တွေ့ဆုံ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ် (Mr. Sergey Lavrov) (ASEAN) အဖွဲ့ဝင်နိုင်ငံများ၏ သံအမတ်ကြီးများနှင့် တွေ့ဆုံ


မော်စကို၊ ဇန်နဝါရီ ၂၈

ရုရှားနိုင်ငံခြားရေးဝန်ကြီး ဆာဂေးလာဗရော့ဗ် (Mr. Sergey Lavrov) သည်  ဇန်နဝါရီလ ၂၇ ရက်နေ့က မော်စကိုတွင် အရှေ့တောင်အာရှနိုင်ငံများအသင်း (ASEAN) အဖွဲ့ဝင်နိုင်ငံများ၏ သံအမတ်ကြီးများနှင့် တွေ့ဆုံခဲ့ကြောင်း ရုရှားသံရုံးမှ သတင်းထုတ်ပြန်ထားသည်။

ရုရှား-အာဆီယံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေး တိုးမြှင့်ရေးနှင့် ပတ်သက်၍ ရုရှားနိုင်ငံခေါင်းဆောင်များနှင့် အာဆီယံ ၁၀ နိုင်ငံ ခေါင်းဆောင်များက ချမှတ်ထားသော ဆုံးဖြတ်ချက်များ အကောင်အထည်ဖော်ရေးနှင့် စပ်လျဉ်း၍ ကြားကာလအတွက် အစီအစဉ် စာရွက်စာတမ်းသစ်တစ်စောင် ပြင်ဆင်ရေးတို့နှင့် ပတ်သက်၍ တက်ရောက်လာသူများက ဆွေးနွေးခဲ့ကြသည်။

အာဆီယံ၏ မော်စကိုကော်မတီပါဝင်မှု အပါအဝင် လက်တွေ့ပူးပေါင်းဆောင်ရွက်မှုကို တိုးမြှင့်ရန် ပဏာမခြေလှမ်းများကို အဓိက ဆွေးနွေးခဲ့ကြောင်း၊ စီးပွားရေး၊ စွမ်းအင်၊ သိပ္ပံနှင့် အဆင့်မြင့် နည်းပညာများ၊ ဒစ်ဂျစ်တယ် ပြောင်းလဲမှု၊ စီးပွားရေးနှင့် လူငယ် ဖလှယ်မှုများ တိုးချဲ့ရေးတို့တွင် ပူးပေါင်းဆောင်ရွက်မှုများကို စုံလင်စေရန် ဆွေးနွေးခဲ့ကြောင်း သိရသည်။

နိုင်ငံတကာနှင့် ဒေသတွင်း အရေးတကြီး ကိစ္စရပ်များနှင့် ပတ်သက်၍ ဆွေးနွေးရာတွင် နိုင်ငံတကာ ဥပဒေ၊ တန်းတူညီမျှမှု၊ ပွင့်လင်းမြင်သာမှု စံနှုန်းများအပေါ် အခြေခံ၍ အာရှ-ပစိဖိတ်ဒေသတွင် ရေရှည်တည်တံ့သည့် လုံခြုံရေး မူဘောင်တစ်ခု တည်ဆောက်ရန်အတွက် နိုင်ငံတော်နှင့် အဖွဲ့အစည်းတို့အကြား ချဉ်းကပ်မှုများကို ထပ်မံအတည်ပြုခဲ့ကြောင်း၊ အာဆီယံ၏ Eurasian Economic Union (EAEU) နှင့် Shanghai Cooperation Organization (SCO) တို့နှင့် ဆက်နွယ်မှုကို မြှင့်တင်ခြင်းဖြင့် Eurasian ဒေသအတွင်း ပေါင်းစည်းမှုကို ပိုမိုနက်ရှိုင်းစေရန် အထူးအာရုံစိုက်ခဲ့ကြောင်း ရုရှားသံရုံး၏ ထုန်ပြန်ချက်အရ သိရသည်။


#MNP #News #International

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)