ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီများနှင့် ပြင်ဆင်ညှိနှိုင်းပေါင်းစပ်‌ဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်း ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပနိုင်ရေးအတွက် ဆပ်ကော်မတီများနှင့် ပြင်ဆင်ညှိနှိုင်းပေါင်းစပ်‌ဆောင်ရွက်


နေပြည်တော်၊ ဇန်နဝါရီ ၂၆

ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲ ကျင်းပရေးဦးစီးကော်မတီဥက္ကဋ္ဌ စက်မှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာချာလီသန်းသည် ယမန်နေ့က ပြပွဲနှင့် ပြိုင်ပွဲကျင်းပမည့် တပေါင်းကွင်းရှိ ယာယီရှင်းလင်းဆောင်၌ ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများနှင့် တာဝန်ရှိသူများကို တွေ့ဆုံသည်။

တွေ့ဆုံစဉ် ဆပ်ကော်မတီဥက္ကဋ္ဌများက MSME ထုတ်ကုန်ပြပွဲနှင့်ပြိုင်ပွဲကျင်းပနိုင်ရေး ဆောင်ရွက်ထားရှိမှု၊ ဆက်လက်ဆောင်ရွက်မည့် အစီအမံများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးကဝန်ကြီးဌာနနှင့် တိုင်းဒေသကြီး/ ပြည်နယ်အလိုက် MSME ထုတ်ကုန်များခင်းကျင်းပြသနိုင်ရေးအတွက် ပြင်ဆင်ဆောင်ရွက်နေစဉ်အတွင်း လိုအပ်ချက်များရှိပါကချက်ချင်းဖြေရှင်းဆောင်ရွက်ပေးနိုင်ရန် ဆပ်ကော်မတီအသီးသီးမှ ကိုယ်စားလှယ်များအား တာဝန်ချထားရမည်ဖြစ်ကြောင်း၊ ရိုးရာစားသောက်ဆိုင်ခန်းများတွင် ရောင်းချသည့်အစားအသောက်များသည် ကျန်းမာရေးနှင့်ညီညွတ်ပြီး သန့်ရှင်းလတ်ဆတ်မှု ရှိစေရေးနှင့် စီးပွားရေးချိတ်ဆက်မှု အခမ်းအနားများ ကျင်းပနိုင်ရန် ပါဝင်ဆွေးနွေးမည့် ပညာရှင်များအား ချိတ်ဆက်ရေးတို့ကို ကြိုတင်ဆောင်ရွက်ထားရမည်ဖြစ်ကြောင်း။

ပြိုင်ပွဲဆုရွေးချယ်ရေးနှင့်ပတ်သက်၍ အငြင်းပွားမှုများမဖြစ်ပေါ်စေရေးအတွက် သတ်မှတ်အမှတ်ပေး စည်းမျဉ်းများကို ကြိုတင်ဖြန့်ဝေထားရမည်ဖြစ်ကြောင်း၊ ဝန်ကြီးဌာန၊ တိုင်းဒေသကြီး/ ပြည်နယ် ပြခန်းများ၌ နဖူးစည်းစာတန်းများ ချိတ်ဆွဲရာတွင် တစ်ပြေးညီဖြစ်စေရေး ကြိုတင်ညှိနှိုင်းထားရှိပြီးဖြစ်၍ စနစ်တကျဖြစ်စေရေး ကြပ်မတ်ဆောင်ရွက်ရန်လိုကြောင်း၊ ပြည်ထောင်စုအဆင့် MSME ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကျင်းပခြင်းဖြစ်၍ ခမ်းနားထည်ဝါစွာ ကျင်းပနိုင်ရေးအတွက် အားလုံးဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ရမည်ဖြစ်ကြောင်းနှင့် လုံခြုံရေး ကျိုးပေါက်မှုမရှိစေရေး အားလုံးပူးပေါင်းဆောင်ရွက်ရမည်ဖြစ်ကြောင်း မှာကြားသည်။

ထို့နောက် ဆပ်ကော်မတီအသီးသီးမှ ဥက္ကဋ္ဌများနှင့်အဖွဲ့ဝင်များက လုပ်ငန်းများ ဆောင်ရွက်နေစဉ်အတွင်း တွေ့ကြုံနေရသည့်အခက်အခဲများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ညှိနှိုင်းပေါင်း စပ်ဖြေရှင်းဆောင်ရွက်ပေးပြီး ပြခန်များဆောင်ရွက်နေမှုနှင့် M­SME ထုတ်ကုန်ပစ္စည်းများ ခင်းကျင်းပြသရန် စီမံဆောင်ရွက်နေမှုတို့ကို လှည့်လည်ကြည့်ရှု စစ်ဆေးခဲ့ကြောင်း သိရသည်။


#MNP #News #Naypyitaw

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)