ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့ရန်၊ ပို့ကုန်အမယ်သစ်များ တင်ပို့နိုင်ရန်၊ ဈေးကွက်သစ်ရရှိရေးနှင့် ဈေးကွက်ချဲ့ထွင် တင်ပို့နိုင်ရေးအတွက် ရည်ရွယ်၍ ပြည်ထောင်စုအဆင့် MSMEs ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ကျင်းပခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ပြောကြား - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ပပို့ကုန် တိုးမြှင့်တင်ပို့ရန်၊ ပို့ကုန်အမယ်သစ်များ တင်ပို့နိုင်ရန်၊ ဈေးကွက်သစ်ရရှိရေးနှင့် ဈေးကွက်ချဲ့ထွင် တင်ပို့နိုင်ရေးအတွက် ရည်ရွယ်၍ ပြည်ထောင်စုအဆင့် MSMEs ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ ကျင်းပခြင်းဖြစ်ကြောင်း ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ ပြောကြား


နေပြည်တော်၊ ဇန်နဝါရီ ၂၄

ပြည်ထောင်စုအဆင့် MSMEs ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲတွင် စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ကိုယ်စားပြုပြခန်း အောင်မြင်စွာခင်းကျင်းပြသနိုင်ရေးနှင့်စပ်လျဉ်းသည့် ညှိနှိုင်းအစည်းအဝေးကို ယမန်နေ့က အဆိုပါဝန်ကြီးဌာန အစည်းအဝေးခန်းမ(၁)၌ကျင်းပရာ စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးထွန်းအုံ၊ ဒုတိယဝန်ကြီး ဦးမင်းမင်း၊ ညွှန်ကြားရေးမှူးချုပ်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ပြည်ထောင်စုဝန်ကြီးက ပြည်ထောင်စုအဆင့် MSMEs ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲကို ပုဂ္ဂလိက ကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် အသေးစား၊ အငယ်စားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ စဉ်ဆက်မပြတ် ရှင်သန်အားကောင်းလာစေရန်၊ တိုင်းဒေသကြီး၊ ပြည်နယ်များရှိ လုပ်ငန်းနယ်ပယ်အလိုက် ထွက်ရှိသည့် ထုတ်ကုန်များ၊ စီးပွားရေးအရတွက်ခြေကိုက်မှုရှိသည့် ကုန်စည်များကို ပြည်တွင်းစားသုံးမှုဖူလုံစွာထုတ်လုပ်ခြင်းအပြင် ပြည်ပပို့ကုန်တိုးမြှင့်တင်ပို့ရန်၊ ပို့ကုန်အမယ်သစ်များ တင်ပို့နိုင်ရန်၊ ဈေးကွက်သစ်ရရှိရေးနှင့် ဈေးကွက်ချဲ့ထွင်တင်ပို့နိုင်ရေးအတွက် ရည်ရွယ်ကျင်းပခြင်းဖြစ်ကြောင်း၊ ဝန်ကြီးဌာနပြခန်းကို ခမ်းနားထည်ဝါ စည်ကားသိုက်မြိုက်စွာ ခင်းကျင်းပြသနိုင်ရေး သတ်မှတ်ထားသည့်အချိန်အတွင်း ပြင်ဆင်မှုများပြီးစီးအောင် ဆောင်ရွက်ရန်၊ အများပြည်သူ စိတ်ဝင်စားမှုရှိအောင်နှင့် MSMEs လုပ်ငန်းရှင်များအတွက် လိုအပ်ချက် ဖြည့်ဆည်းပေးနိုင်အောင် ခင်းကျင်းပြသသွားရန် ပြောကြားသည်။

ထို့နောက် ဒုတိယဝန်ကြီး ဦးမင်းမင်းနှင့်ကော်မတီများအလိုက် လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ဆက်လက်ဆောင်ရွက်ထားမည့်အစီအမံများကို ရှင်းလင်းတင်ပြပြီး ညွှန်ကြားရေးမှူးချုပ်များက ပြည်ထောင်စုအဆင့် MSMEs ထုတ်ကုန်ပြပွဲနှင့် ပြိုင်ပွဲ၌ဝန်ကြီးဌာန ကိုယ်စားပြုပြခန်းဆောင်တည်ဆောက်ခြင်းနှင့် ခင်းကျင်းပြသမှုအတွက် ပြင်ဆင်ဆောင်ရွက် ထားရှိမှုအခြေအနေများကို ရှင်းလင်းတင်ပြရာ ပြည်ထောင်စုဝန်ကြီးက ပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)