ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် Polytechnic University (Kyaing Tong)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ကျိုင်းတုံ) သွားရောက်ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော် Polytechnic University (Kyaing Tong)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း(ကျိုင်းတုံ) သွားရောက်ကြည့်ရှုစစ်ဆေး


နေပြည်တော်၊ ဇန်နဝါရီ ၂၄

သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါက်တာမျိုးသိန်းကျော်သည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့က Polytechnic University (Kyaing Tong) Faculty of Computing သို့ ရောက်ရှိပြီး သင်ကြားသင်ယူဆောင်ရွက်နေသည့် စာသင်ခန်းများနှင့် လက်တွေ့ခန်းများကိုလည်းကောင်း၊ ICT နည်းပညာများကိုအသုံးပြု၍ LMS စနစ်ဖြင့် သင်ကြားသင်ယူမှုဆောင်ရွက်နေမှုကိုလည်းကောင်း၊ ကျောင်းသား ကျောင်းသူများ၏ သင်ကြားသင်ယူဆောင်ရွက်နေကြသော သုတေသနပရောဂျက်များကိုလည်းကောင်း လှည့်လည်ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးသည်။

ယမန်နေ့ကလည်း ပြည်ထောင်စုဝန်ကြီးသည် တြိဂံဒေသတိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တာဝန်ရှိသူများ နှင့်အတူ Polytechnic University (Kyaing Tong)နှင့် အစိုးရနည်းပညာအထက်တန်းကျောင်း (ကျိုင်းတုံ)၌ ပါမောက္ခချုပ်၊ ဒုတိယပါမောက္ခချုပ်၊ ကျောင်းအုပ်ကြီး၊ ဌာနမှူးများ၊ ဆရာ ဆရာမများ၊ ဝန်ထမ်းများ၊ ကျောင်းသား ကျောင်းသူများနှင့်တွေ့ဆုံပြီး ပြည်ထောင်စုဝန်ကြီးက Polytechnic University သည် ဘာသာရပ်နယ်ပယ်စုံလင်စွာ ပေါင်းစည်းပို့ချသည့်နေရာတစ်ခုဖြစ်ပြီး ဘွဲ့ကြိုသင်တန်းများသာမက ဘွဲ့လွန်သင်တန်းများ၊ သုတေသနလုပ်ငန်းများကိုပါ ကျယ်ကျယ်ပြန့်ပြန့် လေ့လာသင်ယူနိုင် သည့်နေရာတစ်ခုဖြစ်ကြောင်း၊ လက်တွေ့လုပ်ငန်းခွင်နှင့် ချိတ်ဆက်သင်ကြားပို့ချပေးသည့် တက္ကသိုလ်တစ်ခုဖြစ်ပြီး ကျောင်းသားများ၏ အသက်မွေးဝမ်းကျောင်းမှုအတွက် လက်တွေ့ကျသည့် ပညာရေးကိုသင်ကြားပို့ချပေးရန်၊ ခေတ်မီနည်းပညာနှင့် သုတေသနဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို အထူးအလေးထားဆောင်ရွက်ပေးရန်၊ စက်မှုလုပ်ငန်းများနှင့် ပူးပေါင်းဆောင်ရွက်ရသည့် Real World Project များ ဆောင်ရွက်နိုင်သည့်အခွင့်အလမ်းနှင့် လုပ်ငန်းခွင်အတွေ့အကြုံများ ရရှိနိုင်သောအခွင့်အလမ်းများဖန်တီးပေးရန်နှင့် လက်တွေ့ကျကျလေ့ကျင့်သင်ကြားမှုများအပြင် လက်တွေ့လုပ်ငန်းခွင်နှင့် ချိတ်ဆက်သင်ကြားပို့ချပေးရန် လိုအပ်ကြောင်း မှာကြားသည်။

ထို့နောက် Polytechnic University (Kyaing Tong) ရှိ သင်ကြားသင်ယူဆောင်ရွက်နေသည့် စာသင်ခန်းများ၊ လက်တွေ့ခန်းများ၊ အလုပ်ရုံနှင့် ဘာသာရပ်ဌာနအလိုက် သင်ထောက်ကူပစ္စည်းများ စီစဉ်ထားရှိမှုများ၊ ဘောလုံးကွင်းတည်ဆောက်နေမှုနှင့် ကျောင်းသား ကျောင်းသူများ၏ ခင်းကျင်းပြသထားသော ပရောဂျက်များကို ကြည့်ရှုအားပေးပြီး လိုအပ်သည်များကို မှာကြားဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သတင်းရရှိသည်။


#News #MNP

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)