မြန်မာသံရုံး၊ ဖနောင်ပင်မြို့မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ (၇၇)နှစ်မြောက်လွတ်လပ်ရေး နေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ဖနောင်ပင်မြို့၊ Raffles Hotel တွင်ကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

မြန်မာသံရုံး၊ ဖနောင်ပင်မြို့မှ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ (၇၇)နှစ်မြောက်လွတ်လပ်ရေး နေ့ အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ဖနောင်ပင်မြို့၊ Raffles Hotel တွင်ကျင်းပ





ဖနောင်ပင်၊ ဇန်နဝါရီ ၂၄

မြန်မာသံရုံး၊ ဖနောင်ပင်မြို့အနေဖြင့် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ (၇၇)နှစ် မြောက်လွတ်လပ်ရေးနေ့အထိမ်းအမှတ် ဧည့်ခံပွဲအခမ်းအနားကို ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၃ ရက်၊ ညနေ ၁၈ ၀၀ နာရီမှ ၂၀ ၀၀ နာရီအထိ ဖနောင်ပင်မြို့၊ Raffles Hotel တွင် ကျင်းပပြုလုပ် ခဲ့ကြောင်း သိရသည်။  

အဆိုပါဧည့်ခံပွဲအခမ်းအနားသို့ အထူးဧည့်သည်တော်အဖြစ် ကမ္ဘောဒီးယားနိုင်ငံ၊ ခရီး သွားလာရေးဝန်ကြီး H.E. Mr. Huot Hak နှင့် ဒုတိယဝန်ကြီးချုပ်နှင့် ပြည်သူ့ဝန်ထမ်းရေးရာ ဝန်ကြီး H.E. Mr. Hun Many၊ အထက်လွှတ်တော်ဆိုင်ရာဝါရင့်ဝန်ကြီး H.E. Mr. Sry Thama rong၊ ဝန်ကြီးချုပ်အတွက် တွဲဖက်ဝန်ကြီး H.E. Mr. Preap KOL တို့အပါအဝင် ကမ္ဘောဒီးယား အထက်လွှတ်တော်၊ အမျိုးသားလွှတ်တော်၊ အစိုးရဝန်ကြီးဌာနနှင့်အဖွဲ့အစည်းများမှ ဒုတိယ ဝန်ကြီးများ၊ လက်ထောက်ဝန်ကြီးများ၊ အဆင့်မြင့်အရာရှိကြီးများနှင့်တာဝန်ရှိသူများ၊ ဖနောင် ပင်မြို့အခြေစိုက်နိုင်ငံခြားသံရုံးများမှသံအမတ်ကြီးများ၊ သံရုံးယာယီတာဝန်ခံများနှင့် သံတမန် များ၊ စီးပွားရေးလုပ်ငန်းရှင်များ၊ ကမ္ဘောဒီးယားရောက်မြန်မာ နိုင်ငံသားများနှင့် ဖိတ်ကြားထား သည့် ဧည့်သည်တော်များ စုစုပေါင်း(၁၅၀)ဦးခန့် တက်ရောက်ခဲ့သည်။

 အခမ်းအနားအစီအစဉ်အရ ကမ္ဘောဒီးယားနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးကျော် စိုးမင်းနှင့် အထူးဧည့်သည်တော် ကမ္ဘောဒီးယားနိုင်ငံ၊ ခရီးသွားလာရေးဝန်ကြီးဌာနဝန်ကြီး Mr. Huot Hak တို့က အသီးသီးမိန့်ခွန်းပြောကြားခဲ့ကြသည်။  သံအမတ်ကြီးက မြန်မာနိုင်ငံနှင့်ပြည်သူတစ်ရပ်လုံးအတွက် မည်မျှအနှစ်သာရပြည့်ဝသည့် နေ့ထူးနေ့မြတ်ဖြစ်သည် ကိုအကျဉ်းပြောကြားခဲ့ပြီး လွတ်လပ်ရေးရရှိပြီးချိန်မှစတင်၍ ကမ္ဘာ့နိုင်ငံအားလုံးနှင့် တန်းတူ ညီမျှမှုနှင့် အပြန်အလှန်လေးစားမှုကိုအခြေခံကာ ချစ်ကြည်ရင်းနှီးမှုနှင့်ပူးပေါင်းဆောင်ရွက် မှုများကို မြှင့်တင်နိုင်ခဲ့ကြောင်း၊ အထူးသဖြင့် မြန်မာ-ကမ္ဘောဒီးယားနှစ်နိုင်ငံအကြား သံတမန် ဆက်ဆံရေးထူထောင်ခဲ့သည့် ၁၉၅၅ ခုနှစ်မှအစပြု၍   အပြန်အလှန်လေးစားမှု၊ နားလည်မှုနှင့် နိုင်ငံရေး၊ လူမှုရေးကဏ္ဍများတွင် တူညီသည့်တန်ဖိုးထားမှုများဖြင့် လိုအပ်ချိန်တိုင်းစိတ်ရင်း အမှန်ဖြင့်ပံ့ပိုးကူညီခဲ့ကြောင်း၊ ထို့ပြင် နှစ်နိုင်ငံခေါင်းဆောင်များအကြား တွေ့ဆုံဆွေးနွေးမှုများ နှင့် အဆင့်မြင့်ခရီးစဉ်များက နှစ်နိုင်ငံဆက်ဆံရေးကိုသာမက ဒေသတွင်းနှင့်နိုင်ငံတကာ မျက်နှာစာတွင်ပူးပေါင်းဆောင်ရွက်မှုကို မြှင့်တင်နိုင်ခဲ့ကြောင်း၊ ရိုးရာအစဉ်အလာ၊ အနုပညာ၊ စာပေ၊ ယဉ်ကျေးမှုအစရှိသည်တို့တွင် များစွာတူညီမှုရှိကြသည့် ဗုဒ္ဓဘာသာဝင်နိုင်ငံများဖြစ်ကြ သည့်အလျောက် အဆိုပါကဏ္ဍများတွင် ပူးပေါင်းဆောင်ရွက်မှုကိုမြှင့်တင်ရန်လိုအပ်ကြောင်းနှင့် မြန်မာအစိုးရအနေဖြင့် ရှေ့လုပ်ငန်းစဉ်(၅)ရပ်ကို အကောင် အထည်ဖော်လျက်ရှိသကဲ့သို့ တူညီ ဆန္ဒ(၅)ချက်အကောင်အထည်ဖော်မှုတွင်လည်းဆက်လက်၍ ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ် ကြောင်း အစရှိသဖြင့် ရှင်းလင်းပြောကြားခဲ့ပြီး မြန်မာနိုင်ငံ ပြည်တွင်းရေးကိစ္စရပ်များအပေါ် အပြုသဘောဆောင်စွာ ပံ့ပိုးကူညီပေးခဲ့ကြသော  မိတ်ဆွေနိုင်ငံများကိုလည်း ကျေးဇူးတင်ရှိပါ ကြောင်းဖြင့် ပြောကြားခဲ့သည်။ 

အထူးဧည့်သည်တော်ဝန်ကြီးက ကမ္ဘောဒီးယား-မြန်မာ နှစ်နိုင်ငံအကြား သံတမန်ဆက် ဆံရေးနှစ်(၇၀)ကျော်ကာလအတွင်း ချစ်ကြည်ရင်းနှီးမှုနှင့် အပြန်အလှန် ပံ့ပိုးကူညီဖေးမခဲ့ကြ သည်များနှင့်ပတ်သက်၍ သံအမတ်ကြီးအားထောက်ခံပြောကြားခဲ့ပြီး အနာဂတ်တွင်လည်း အစိုးရ၊ ပုဂ္ဂလိကအလွှာအသီးသီးတွင် ထိတွေ့ဆက်ဆံမှုနှင့် ကဏ္ဍစုံပူး ပေါင်းဆောင်ရွက်မှုများ ကိုပိုမိုတိုးမြှင့်ဆောင်ရွက်ခြင်းဖြင့် ဘုံအကျိုးစီးပွားကို တိုးမြှင့်သင့်ကြောင်း၊ အထူးသဖြင့်ယဉ် ကျေးမှုဓလေ့ထုံးစံများမှာ ကွာဟမှုမရှိသည့်အပြင် ရှေးဟောင်းသမိုင်းဝင်အမွေအနှစ်အထင် ကရနေရာများစွာနှင့် ရေမြေတောတောင်သဘာ ရှုခင်းများပိုင်ဆိုင်လျက်ရှိကြသည့်အတွက် ခရီးသွားကဏ္ဍပူးပေါင်းဆောင်ရွက်မှုများကို ပိုမိုမြှင့်တင်သင့်ကြောင်း အစရှိသဖြင့် ပြောကြားခဲ့သည်။ 

ထို့နောက် အခမ်းအနားသို့တက်ရောက်လာကြသူများနှင့် အမှတ်တရ မှတ်တမ်းဓာတ်ပုံ များရိုက်ကူးခဲ့ကြပြီး တက်ရောက်လာကြသူများအား မြန်မာ့အလှ၊ မြန်မာ့ရှုခင်းနှင့် မြန်မာ့ရိုးရာ ဓလေ့ထုံးတမ်းအစဉ်အလာများပါဝင်သည့် ရုပ်သံဖိုင်အားပြသလျက် မြန်မာ့ရိုးရာမုန့်ဟင်းခါး အပါအဝင် စားသောက်ဖွယ်ရာများနှင့် တည်ခင်းဧည့်ခံခဲ့ကြောင်း သိရသည်။


#News #MNP

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)