Pages

Pages

နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင် နီပေါနိုင်ငံ၊ ဒုတိယသမ္မတ Rt. Hon’ble Mr. Ramsahay Prasad Yadav အား သွားရောက် ဂါရဝပြု တွေ့ဆုံ





ကတ္တမန္ဒူး၊ ဇန်နဝါရီ ၂၈

 နီပေါနိုင်ငံဆိုင်ရာ မြန်မာသံအမတ်ကြီး ဦးမျိုးမြင့်မောင်သည် နီပေါနိုင်ငံ၊ ဒုတိယသမ္မတ Rt. Hon’ble Mr. Ramsahay Prasad Yadav အား ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၇ ရက်တွင် ကတ္တမန္ဒူးမြို့ရှိ ဒုတိယသမ္မတရုံး၌ သွားရောက် ဂါရဝပြု တွေ့ဆုံခဲ့သည်။ 

ထိုသို့တွေ့ဆုံစဉ် မြန်မာ-နီပေါ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး၊ စီးပွားရေး၊ ယဉ်ကျေးမှု၊ ပြည်သူ အချင်းချင်းအကြား ဆက်ဆံရေး တိုးမြှင့်ပူးပေါင်းဆောင်ရွက်ရေး ကိစ္စရပ်များအပေါ် အပြန်အလှန် ဆွေးနွေးခဲ့ကြပါသည်။ သံအမတ်ကြီးက ၂၀၂၅ ခုနှစ်၊ ဖေဖော်ဝါရီလ ၄ ရက်တွင် ကျင်းပပြုလုပ်မည့် (၇၇)နှစ်မြောက် မြန်မာနိုင်ငံ၏ လွတ်လပ်ရေးနေ့နှင့် (၆၅)နှစ်မြောက် မြန်မာ-နီပေါ သံတမန် ဆက်ဆံမှု ထူထောင်ခြင်း အထိမ်းအမှတ် အခမ်းအနားသို့ အထူးဧည့်သည်တော်အဖြစ် တက်ရောက်ချီးမြှင့်ပေး ပါရန် ဖိတ်ကြားပါကြောင်းနှင့် အခမ်းအနား အစီအစဉ်ကို ရှင်းလင်းတင်ပြခဲ့ရာ ဒုတိယသမ္မတက ၎င်းအနေဖြင့် အထူးဧည့်သည်တော်အဖြစ် တက်ရောက်ရန် ဖိတ်ကြားမှုကို ကျေးဇူးတင်ရှိပါကြောင်းနှင့် လက်ခံတက်ရောက်သွားမည် ဖြစ်ကြောင်း ပြန်လည် ပြောကြားခဲ့သည်။ 

သံအမတ်ကြီးသည် ၂၀၂၅ ခုနှစ်၊ ဇန်နဝါရီလ ၂၆ ရက်နေ့တွင်လည်း နီပေါနိုင်ငံဆိုင်ရာ အိန္ဒိယ သမ္မတနိုင်ငံ သံအမတ်ကြီး H.E. Mr. Naveen Srivastava က ကတ္တမန္ဒးမြို့ရှိ အိန္ဒိယသံရုံးဝင်းအတွင်း မြက်ခင်းပြင်တွင် ကျင်းပပြုလုပ်သော အိန္ဒိယသမ္မတနိုင်ငံ၏ (၇၆)နှစ်မြောက် အမျိုးသားနေ့ အထိမ်းအမှတ် အခမ်းအနားသို့ တက်ရောက်ခဲ့ကြောင်း သိရှိရပါသည်။


#MNP #News #Nepal

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق