Pages

Pages

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ရေခဲသေတ္တာသုံး Safeguard အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွား



ဒဂုံတောင်၊ ဇန်နဝါရီ ၂၃

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၅၆ ရပ်ကွက်၊ ဆုပြည့်ရတနာ (၄) လမ်းနှင့် ကျောက်စိမ်းမြတ်ရတနာလမ်းထောင့်ရှိ ဈေးဆိုင်အ‌ဆောက်အဦတွင် ယနေ့နံနက် ၅ နာရီ ၅၅ မိနစ်အချိန်က မီးလောင်မှုဖြစ်ပွားကြောင်း သတင်းရရှိသဖြင့် မြို့နယ်မီးသတ်စခန်းမှ မီးငြှိမ်းသတ်ရာ ၆ နာရီ ၂၃ မိနစ်တွင် မီးထိန်းပြီး ၆ နာရီ ၂၈ မိနစ်တွင် မီးငြိမ်းခဲ့ကြောင်း သိရသည်။

မီးလောင်မှုဖြစ်စဉ်မှာ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၊ ၅၆ ရပ်ကွက်၊ ဆုပြည့်ရတနာ (၄) လမ်းနှင့် ကျောက်စိမ်းမြတ်ရတနာလမ်းထောင့်ရှိ (၂၀‌ ပေ x ၂၀ ပေ) ဈေးဆိုင်အ‌ဆောက်အဦတွင် ရေခဲသေတ္တာသုံး Safeguard အပူလွန်ကဲရာမှ မီးလောင်မှုဖြစ်ပွားကြောင်း သိရသည်။

မီးလောင်မှုဖြစ်ပွားရာသို့ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်မီးသတ်စခန်းမှ မီးသတ်ဦးစီးမှူး ဦးစီးအရာရှိ ဦးစိုးနိုင်၏ ကြီးကြပ်ကွပ်ကဲမှုဖြင့် သန္ဓေတပ်ဖွဲ့ဝင် ၃၉ ဦး၊ အရန်တပ်ဖွဲ့ဝင် ၁၅ ဦး စုစုပေါင်း ၅၄ ဦး၊ မီးငြှိမ်းသတ်ယာဉ် (၅) စီး၊ ရေသယ်ယဉ် (၃) စီး၊ ကွပ်ကဲမှုယာဉ် (၁) စီးတို့ဖြင့် ငြှိမ်းသတ်ရာ ၆ နာရီ ၂၃ မိနစ်တွင်မီးထိန်း၍ ၆ နာရီ ၂၈ မိနစ်တွင် မီးငြိမ်းသွားကြောင်းနှင့် အဆောက်အဦနှင့်အတွင်းပစ္စည်း ဆုံးရှုံးမှုတန်ဖိုး ကျပ် သိန်း (၂၀) ဖြစ်ပြီး လူနှင့် တိရစ္ဆာန် ထိခိုက်မှုမရှိကြောင်း မြို့နယ်မီးသတ်ဦးစီးဌာနမှ သိရသည်။


သန်းသန်းအေး

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق