SME နှစ်ဆင့်ချေးငွေစီမံကိန်း အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဘဏ်ချေးငွေရရှိရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ - Myanmar National Post

Myanmar National Post

News Agency

Breaking

SME နှစ်ဆင့်ချေးငွေစီမံကိန်း အသေးစားနှင့် အလတ်စားစီးပွားရေးလုပ်ငန်းများ ဘဏ်ချေးငွေရရှိရေးလုပ်ငန်းအဖွဲ့ အစည်းအဝေးကျင်းပ


နေပြည်တော်၊ ဇန်နဝါရီ ၂၃

မြန်မာနိုင်ငံရှိ အသေးစား၊ အငယ်စားနှင့်အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs) ဖွံ့ဖြိုး တိုးတက်စေရန်အတွက် နိုင်ငံတော်အနေဖြင့် လိုအပ်သောငွေကြေးထောက်ပံ့မှုများကို ကူညီပံ့ပိုးပေး နိုင်ရန် SME နှစ်ဆင့်ချေးငွေ စီမံကိန်းအဆင့် - ၁ ကို ၂၀၁၅-၂၀၁၆ ဘဏ္ဍာနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး နှစ်ဆင့်ချေးငွေ စီမံကိန်းအဆင့် - ၂ ကို ၂၀၁၈-၂၀၁၉ ဘဏ္ဍာနှစ်တွင် စတင်အကောင်အထည်ဖော် ဆောင်ရွက်ခဲ့သည်။

အဆိုပါ SME နှစ်ဆင့်ချေးငွေစီမံကိန်းတွင် အသေးစားနှင့်အလတ်စားစီးပွားရေးလုပ်ငန်းများ ဘဏ်ချေးငွေရရှိရေးလုပ်ငန်းအဖွဲ့ (Working Committee) (၁/၂၀၂၅) အစည်းအဝေးကို ယမန်နေ့က နေပြည်တော်ရှိ စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီးရုံး၌ ကျင်းပသည်။

အစည်းအဝေးတွင် စီမံကိန်းနှင့်ဘဏ္ဍာရေးဝန်ကြီးဌာန ဒုတိယဝန်ကြီး ဦးမင်းထွဋ်က စီမံကိန်းအဆင့် - ၁ တွင် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများဖြစ်သော PFI ဘဏ် ခြောက်ဘဏ်မှတစ်ဆင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ SME လုပ်ငန်းရှင် ၆၆၃ ဦးသို့ ချေးငွေကျပ် ၁၅၇ ဒသမ ၂၄၃ ဘီလီယံထုတ်ချေး ခဲ့ပြီးဖြစ်ပါကြောင်း၊ စီမံကိန်း အဆင့်-၂ တွင် ငွေရေးကြေးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်သည့် အဖွဲ့အစည်းများဖြစ်သော PFI ဘဏ် ၁၁ ဘဏ်မှတစ်ဆင့် ၂၀၂၄ ခုနှစ် ဒီဇင်ဘာလကုန်အထိ SME လုပ်ငန်းရှင် ၁၉၃၆ ဦးသို့ ချေးငွေကျပ် ၃၈၇ ဒသမ ၅၄၃ ဘီလီယံ ထုတ်ချေးခဲ့ပြီးဖြစ်ကြောင်း။

လုပ်ငန်းအဖွဲ့ဝင်များအနေဖြင့် ယနေ့ဆွေးနွေးသည့် အချက်အလက်များအပေါ်မူတည်၍ နိုင်ငံတော်မှ ချမှတ်ထားသည့်မူဝါဒများနှင့် ညီညွတ်အကျုံးဝင်သည့် SME လုပ်ငန်းများထံသို့ အတိုးနှုန်းသက်သာသည့် SME နှစ်ဆင့်ချေးငွေများ ရောက်ရှိစေရေးနှင့် ထိရောက်စွာသုံးစွဲနိုင်ရေးအတွက် ဆွေးနွေးပေးစေ လိုကြောင်း၊ ယခုစီမံကိန်းသည် အောင်မြင်သည့် စီမံကိန်းတစ်ခု ဖြစ်သည့်အပြင် SME လုပ်ငန်းများ အတွက်လည်း များစွာအကျိုးကျေးဇူးဖြစ်ထွန်းပါကြောင်း၊ နိုင်ငံတော်မှ SME လုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဦးတည်ဆောင်ရွက်နေချိန် ရည်ရွယ်ချက်နှင့်ကိုက်ညီသည့် စီမံကိန်းတစ်ခု လည်းဖြစ်ကြောင်း၊ ချေးငွေများကို ပြန်လည်ပေးဆပ်သည့်အချိန်တွင် အပြည့်အဝ ပြန်လည်ရရှိရန် လိုအပ်ကြောင်း၊ ချေးငွေအသစ်များကို ထုတ်ချေးရာတွင်လည်း သတ်မှတ်ထားသည့် စည်းမျဉ်း/ စည်ကမ်းများ၊ မူဝါဒများနှင့်ကိုက်ညီစေရန် စနစ်တကျ စိစစ်ထုတ်ချေးရန်လိုအပ်ကြောင်း။

ထို့အတူ ရန်ပုံငွေစီမံခန့်ခွဲခြင်း၊ ချေးငွေထုတ်ချေးခြင်းနှင့် ကြီးကြပ်ကွပ်ကဲခြင်း လုပ်ငန်းစဉ်များကို တာဝန်ယူဆောင်ရွက်နေကြသည့် ငွေတိုက်ဦးစီးဌာန၊ မြန်မာ့စီးပွားရေးဘဏ် (စီမံကိန်း ကြီးကြပ်မှုအဖွဲ့)နှင့် လုပ်ငန်းအဖွဲ့ဝင်များအနေဖြင့် ဝိုင်းဝန်းပူးပေါင်း ဆောင်ရွက်ပေးကြစေလိုကြောင်း ပြောကြားသည်။

ထို့နောက် တက်ရောက်လာကြသူများက SME နှစ်ဆင့်ချေးငွေ စည်းမျဉ်း/စည်းကမ်းများ၊ နိုင်ငံတော်မှ ချမှတ်ထားသည့် ဦးစားပေးကဏ္ဍများ၊ ကိုက်ညီသည့် SME လုပ်ငန်းများသို့ တိုးမြှင့်ထုတ်ချေး နိုင်ရေးနှင့် ပိုမိုထိရောက်စွာ သုံးစွဲနိုင်ရေးတို့နှင့် စပ်လျဉ်း၍ ဆွေးနွေးတင်ပြကြရာ ဒုတိယဝန်ကြီးက ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)