TNLA/PDF အကြမ်းဖက်သမားများက တောင်ခမ်းဒေသ မကျီးရေရွာ ဘုန်းတော်ကြီးကျောင်းရှိ စေတီတော်ကို ဖျက်ဆီးပြီး ဌာပနာများ ဖောက်ယူ - Myanmar National Post

Myanmar National Post

News Agency

Breaking

TNLA/PDF အကြမ်းဖက်သမားများက တောင်ခမ်းဒေသ မကျီးရေရွာ ဘုန်းတော်ကြီးကျောင်းရှိ စေတီတော်ကို ဖျက်ဆီးပြီး ဌာပနာများ ဖောက်ယူ









နောင်ချို၊ ဇန်နဝါရီ ၂၃

နောင်ချိုမြို့နယ်၊ တောင်ခမ်းဒေသတွင် နယ်မြေရှင်းလင်းနေသော တပ်မတော်သားများသည် မကျီးရေရွာ (ဘုန်းတော်ကြီးကျောင်း)အတွင်း TNLA အကြမ်းဖက်သမားများ အခြေပြုလှုပ်ရှားနေသည်ကို ဝင်ရောက်ရှင်းလင်းရာ TNLA အကြမ်းဖက်အဖွဲ့က စေတီတော်ကို ဖျက်ဆီးပြီး ဌာပနာများ ဖောက်ယူထားသည်ကို တွေ့ရှိရသည်။

ဇန် ၂၃ ရက် (ယနေ့) နေ့လည်အချိန်တွင် TNLA/PDF အကြမ်းဖက်သမားများ (၃၀ ဦးခန့်) စစ်စခန်းပြုလုပ်ထားသည့် နောင်ချိုမြိုနယ်၊ တောင်ခမ်းဒေသ၊ မကျီးရေရွာ(ဘုန်းကြီးကျောင်း)အား ဝင်ရောက်စီးနင်းရာ မွန်းလွဲ ၂ နာရီကျော်ခန့်တွင် ဝင်ရောက်ရှင်းလင်းနိုင်ခဲ့ပြီး TNLA/PDF အကြမ်းဖက်သမားများက စေတီတော်မှ ဌာပနာများ ဖောက်ယူထားသည်ကို တွေ့မြင်ခဲ့ရခြင်းဖြစ်သည်။

ရှင်းလင်းဆောင်ရွက်စဉ်အတွင်း (၁) TNLA အလောင်း ၂ လောင်း၊ (၂) M-22 သေနတ် ၁ လက်၊ (၃) ခဲယမ်း/ဗုံးသီးများ (ရေတွက်ဆဲ)၊ (၄) မြေစိုက်ဘန်ကာ ၅ လုံး၊ (၅) ဆသရမြောင်း ၃၀၀ ပေခန့် တို့အား သိမ်းပိုက်ရရှိခဲ့ကြောင်း သိရသည်။ 

ဌာပနာဖောက်ခံရသည့် စေတီမှာ ဘုန်းကြီးကျောင်းဝန်းအတွင်းတွင်ရှိပြီး ဒေသခံဓနုလူမျိုးတို့၏ ကောင်းမှုအလှူငွေများဖြင့် တည်ထားခြင်းဖြစ်သည်။ အကြမ်းဖက်သမားများ ဘုန်းကြီးကျောင်းအတွင်း လာရောက်အခြေချသည့်အချိန်မှစ၍ သံဃာတော်များကို နှင်ထုတ်၊ ရွာသားများကိုလည်း ဘုန်းကြီးကျောင်း ပတ်ဝန်းကျင်သို့ မလာရန် တားမြစ်ထားပြီး ညအချိန်မှာ စေတီတော်ဌာပနာအား TNLA/PDF အကြမ်းဖက်သမားများက ဖောက်ထွင်းခိုးယူခဲ့ခြင်း ဖြစ်သည်။


Join - https://t.me/MyanmarNationalPost


ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)