ဝမ်ရိနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယာယီအစိုးရ နိုင်ငံခြားရေးဝန်ကြီးတာဝန်ခံ Touhid Hossain တွေ့ဆုံဆွေနွေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဝမ်ရိနှင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယာယီအစိုးရ နိုင်ငံခြားရေးဝန်ကြီးတာဝန်ခံ Touhid Hossain တွေ့ဆုံဆွေနွေး




ပေကျင်း၊ ဇန်နဝါရီ ၂၂ 

တရုတ်ကွန်မြူနစ်ပါတီ ဗဟိုကော်မတီ နိုင်ငံရေးဗျူရိုအဖွဲ့ဝင်၊ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ယာယီအစိုးရ နိုင်ငံခြားရေးတာဝန်ခံ Touhid Hossain နှင့် အတူ ပေကျင်းမြို့တွင် တွေ့ဆုံဆွေနွေးခဲ့ကြောင်း သိရသည်။

ဝမ်ရိက ယခုနှစ်သည် တရုတ်- ဘင်္ဂလားဒေ့ရှ် သံတမန်ဆက်ဆံရေး ထူထောင်မှု နှစ် ၅၀ နှစ်ပြည့် နှစ်ပတ်လည်ဖြစ်သလို “တရုတ်- ဘင်္ဂလားဒေ့ရှ် လူမှုယဉ်ကျေးမှု ဖလှယ်ရေးနှစ်” လည်းဖြစ်ကြောင်း၊ တရုတ်နိုင်ငံသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံနှင့်အတူ အစဉ်အလာချစ်ကြည်ရေးကို ဆက်လက် ထိန်းသိမ်းသွားရန်၊ မဟာဗျူဟာမြောက် ဆွေးနွေးမှုကို အားဖြည့်ရန်၊ လက်တွေ့ကျသည့် ပူးပေါင်းဆောင်ရွက်မှုများကို နက်ရှိုင်းစေရန်၊ “ရပ်ဝန်းနှင့် ပိုးလမ်းမ” အရည်အသွေးမြင့် ပူးတွဲတည်ဆောက်ရန်၊ တရုတ်- ဘင်္ဂလားဒေ့ရှ် ဘက်စုံ မဟာဗျူဟာမြောက် ပူးပေါင်းဆောင်ရွက်မှု မိတ်ဖက်ဆက်ဆံရေး စဉ်ဆက်မပြတ် ရှေ့သို့ ဖွံ့ဖြိုးတိုးတက်မှုကို တွန်းအားပေးရန် ဆန္ဒရှိကြောင်း၊ တရုတ်နိုင်ငံအနေဖြင့် ဘင်္ဂလားဒေ့ရှ်နိုင်ငံ၏ လွတ်လပ်ရေး၊ အချုပ်အခြာအာဏာနှင့် အမျိုးသားဂုဏ်သိက္ခာတို့အား ထိန်းသိမ်းစောင့်ရှောက်ခြင်း၊ မိမိနိုင်ငံနှင့်ကိုက်ညီသော ဖွံ့ဖြိုးရေးလမ်းစဉ်ကို ရှာဖွေခြင်းတို့အပေါ် ထောက်ခံကြောင်း ပြောကြားခဲ့သည်။

Touhid Hossain က တရုတ်နိုင်ငံနှင့် ချစ်ကြည်ရင်းနှီးသော ဆက်ဆံရေးသည် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ပါတီစုံ ဘုံသဘောတူညီချက်ဖြစ်ပြီး အစိုးရအဆက်ဆက်နှင့် ပြည်သူတစ်ရပ်လုံး၏ ထောက်ခံမှုရရှိခဲ့ကြောင်း၊ ဘင်္ဂလားဒေ့ရှ်အနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံဆက်ဆံရေးကို အဆင့်သစ်သို့ တက်လှမ်းရေးအတွက် တွန်းအားပေးရန် မျှော်လင့်ကြောင်း ပြောကြားခဲ့သည်။ 


Ref - (Xinhua)

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)