ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးခင်ရီ ဘယ်လာရုစ်နိုင်ငံ၊ Belarusian Parliament Member ဖြစ်သူ Mr. Alexander Shpakovsky အား လက်ခံတွေ့ဆုံ - Myanmar National Post

Myanmar National Post

News Agency

Breaking

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဌ ဦးခင်ရီ ဘယ်လာရုစ်နိုင်ငံ၊ Belarusian Parliament Member ဖြစ်သူ Mr. Alexander Shpakovsky အား လက်ခံတွေ့ဆုံ








နေပြည်တော်၊ ဖေဖော်ဝါရီ ၁၂

ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီသည် ဘယ်လာရုစ်နိုင်ငံ၊ Belarusian Parliament Member ဖြစ်သူ Mr. Alexander Shpakovsky အား ၂၀၂၅ခုနှစ်၊ ဖေဖော်ဝါရီလ ၁၁ ရက်နေ့ ၁၀၀၀ နာရီအချိန်တွင် ပါတီဌာနချုပ်၊ ဧည့်ခန်းမ၌ လက်ခံတွေ့ဆုံခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံရာတွင် နှစ်နိုင်ငံချစ်ကြည်ရေး၊ နှစ်နိုင်ငံဆက်ဆံရေး၊ နှစ်နိုင်ငံ ပါတီအချင်းချင်း ပူးပေါင်းဆောင်ရွက်ရေး ကိစ္စများအား ရင်းနှီးပွင့်လင်းစွာ  ဆွေးနွေးခဲ့ကြောင်း သတင်းထုတ်ပြန်ထားသည်။

တွေ့ဆုံပွဲသို့ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ ဥက္ကဋ္ဌ ဦးခင်ရီ နှင့်အတူ ဒုတိယဥက္ကဋ္ဌ ဦးမြတ်ဟိန်း၊ တွဲဖက်အထွေထွေအတွင်းရေးမှူး ဦးတင်အောင်ချစ်၊ ဗဟို အလုပ်အမှုဆောင်များ ဖြစ်ကြသည့် ဦးအောင်စိုး၊ ဦးလှသိန်း၊ ဦးအေးလွင်၊ ဦးမြင့်ကိုကို တို့ တက်ရောက်ခဲ့ကြပြီး Belarusian Parliament Member ဖြစ်သူ Mr. Alexander Shpakovsky နှင့်အတူ အဖွဲ့ဝင်(၂)ဦး တက်ရောက်ခဲ့ကြောင်း သိရသည်။


#News #MNP 

https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)