အယ်ဆာဗေဒေါ မှာ Bit coin ကို ပြန်ဖျက်သိမ်း - Myanmar National Post

Myanmar National Post

News Agency

Breaking

အယ်ဆာဗေဒေါ မှာ Bit coin ကို ပြန်ဖျက်သိမ်း


ဖေဖော်ဝါရီ - ၅ ( ဗုဒ္ဓဟူးနေ့ ) 

နိုင်ငံတကာ ငွေကြေးရန်ပုံငွေအဖွဲ့ ( IMF) နဲ့ သဘောတူညီမှု တစ်စုံတစ်ရာ ရပြီးနောက်မှာတော့ ၂၀၂၁ ခုနှစ်က တရားဝင်ငွေကြေးအဖြစ် အသိအမှတ်ပြုခဲ့တဲ့ ဘစ်ကွိုင်ကို အယ်ဆာဗေးဒေါကွန်ဂရက်က မဲခွဲပြီး တရားမဝင်ကြောင်း ပြန်လည်ကြေညာနိုင်ခဲ့ပါတယ်။ IMF က တိုင်းပြည်စီးပွားရေး ပြန်လည်တည်ထောင်နိုင်ရန် အတွက် ချေးငွေ ၁.၄ဘီလီယံကို ထုတ်ချေးမယ်လို့ ကတိပြုခဲ့ပါတယ်။ 

၂၀၂၁ ခုနှစ်က အယ်လ်ဆာဗေးဒေါသည် ဆယ်စုနှစ် နှစ်ခုကြာနိုင်ငံ၏ အဓိကငွေကြေးဖြစ်ခဲ့သည့် အမေရိကန် ဒေါ်လာနှင့်အတူ Bitcoin ကို တရားဝင်ငွေကြေး အဖြစ် အသိအမှတ်ပြုသည့် ပထမဆုံးနိုင်ငံဖြစ်လာခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ဇန်နဝါရီလ ၃၀ ရက်နေ့ မှာ အတည်ပြုခဲ့တဲ့ ဥပဒေပြုပြောင်းလဲမှုမှာ  Bitcoin ကိုဖယ်ရှားခဲ့ပါတယ်။ ပြုပြင်ပြောင်းလဲရေးကို ထောက်ခံမဲ ၅၅ မဲနှင့် ကန့်ကွက်မဲ ၂ မဲဖြင့် အတည်ပြုခဲ့ပါတယ်။ 

နိုင်ငံရဲ့ ရုန်းကန်နေရတဲ့ စီးပွားရေးကို တည်ငြိမ်စေရန် ဒီဇင်ဘာလအတွင်း ကIMF နဲ့ ကန်ဒေါ်လာ ၁.၄ ဘီလီယံ ချေးငွေ ရယူခြင်းဖြင့် ဘစ်ကွိုင်ကို ငွေကြေးဆိုင်ရာ အန္တရာယ်များကို လျော့ပါးသက်သာစေရန် ဖျက်သိမ်းလိုက်ခြင်း ဖြစ်ပါတယ်။ အဲ့ဒိလိုဖြစ်လာဖို့အတွက် IMF က အယ်ဆာဗေးဒေါကို ၂ နှစ်နီးပါး ဖိအားပေးခဲ့ရပါတယ်။ အယ်ဆာဗေးဒေါမှာ ဘစ်ကွိုင်က တရားဝင်မဟုတ်တော့ပေမဲ့ တစ်ဦးချင်းဆိုင်ရာသုံးစွဲမှု အတွက်တော့ လုပ်လို့ရပါသေးတယ်။ 

အယ်ဆာဗေးဒိုးသား ၉၂ ရာခိုင်နှုန်းကတော့ ဘစ်ကွိုင်ကို ယုံကြည်စိတ်ချမှု မရှိလို့ အမေရိကန် ဒေါ်လာကိုပဲ ဆက်လက်သုံးစွဲနေပါတယ်။ အစိုးရကသာ ဥပဒေပြဌာန်းခဲ့ပေမဲ့ နိုင်ငံသားတွေ မသုံးတဲ့ ငွေကြေးဖြစ်ပါတယ်။ အစိုးရကတော့ နိုင်ငံတော် အရန်ငွေဖြည့်တင်းဖို့အတွက် ဘစ်ကွိုင်ကို လက်ရှိလည်း ဝယ်ယူနေဆဲ ဖြစ်ပါတယ်။ 

အယ်ဆာဗေးဒေါ သမ္မတနစ်ရစ်ဘူကီလီက “အမေရိကန်ဒေါ်လာဆိုတာ ဘာကျောထောက်နောက်ခံမှ မရှိဘဲ ရိုက်ထုတ်ချင်တိုင်း ရိုက်ထုတ်နေတဲ့ ငွေစက္ကူပါ။ အဲ့ဒိပြဿနာ တစ်ချိန်မှာ ပေါက်ကွဲသွားခဲ့ရင် အနောက်နိုင်ငံတွေ တစ်စုလုံး ပြိုလဲကျသွားမှာပါ“ လို့ ပြောသွားပါတယ်။ 


REF - RT

#MNP #News #International

Join - https://t.me/MyanmarNationalPost

ليست هناك تعليقات:

إرسال تعليق

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)